Thursday, May 29, 2008

ငါ့ဘ၀ရဲ့ အလင်းတန်းလေးသို့

Thursday, May 29, 2008
ပင်လယ်ပြင်မှာ
နေ၀င်တာ ကြည့်ရင်း
သောင်ပြင်မှာ အမှောင်မပျိုးခင်ထိ
ငါလွမ်းတေးဆိုမိတာ
မင်းရယ် တလောကလုံး
ဘယ်သူမှ မကြားခဲ့ပါဘူး
တုတ်တံလေးတချောင်း ဟိုခြစ်ဒီခြစ်
ဘာရယ်မသိတဲ့ ဖြစ်တည်မှုက
မင်းနာမည် လေးတလုံးပါ
ငါ့ကိုယ်ငါ ညာလိုက်ခွင့်တောင်
မရခဲ့တာပါ ..
အလိုက်မသိတဲ့ လှိုင်းကလေးတွေ
ငါ့ခံစားချက်တွေ ဖျက်ဆီးသွားတဲ့အခါ
အဲ့ဒိလှိုင်းကလေးတွေနောက်
ငါ့ဒေါသတွေလိုက်ပါသွားခဲ့တယ်
မတည်မြဲခြင်းတရားဆိုတာ ဒါပဲလား
ပေါ့ဆဆမဟုတ်တဲ့ ငါ့ခံစားချက်က
တဆဆနဲ့ ဒဏ်ရာတွေ ဖြစ်မှာဆိုးတယ်
မနက်ဖြန်နေထွက်ဖို့ ဒီနေ့ နေ၀င်တယ်လို့
ရင်မှာဖြေသိမ့်လို့
ငါနှုတ်မဆက်တော့ဘူး ..
အမှေင်တွေထဲ တယောက်တည်း
မင်းကိုထိုင်လို့စောင့်နေမယ်
နေထွက်ချိန်တွေ တမ်းတနေတယ်
ငါ့ဘ၀လေးလင်းလက်ဖို့ပါကွယ် ...

0 comments: