Thursday, May 29, 2008

ငါ့ရဲ့စိတ်ကူး ...

Thursday, May 29, 2008
ငါအိပ်တဲ့အခါ မင်းရဲ့ချော့တေးလေးနဲ့
ငါထမင်းစားတဲ့အခါ မင်းကခွံ့ကျွေးပေးခဲ့
ငါကဗျာရေးတဲ့အခါ မင်းကအားပေး
ငါသီချင်းဆိုတဲ့အခါ မင်းကပရိတ်သတ်လေး
ငါလမ်းသွားတဲ့အခါ မင်းကထီးမိုးပေး
ငါကော်ဖီသောက်တဲ့အခါ မင်းကငါ့စိတ်ကြိုက်ဖျော်ပေး
ငါငိုတဲ့အခါ မင်းကဖေးမပေး
ငါရယ်တဲ့အခါ မင်းကပျော်ပေး
ငါ့အိပ်မက်ထဲလဲ အမြဲလာပေး
ငါ့ရဲ့ကိုယ်ရံတော်တပ်မှူးလေး
ထာဝရ ချစ်သွားမယ်လေး ...

2 comments:

မင်းသွေးမာန် ........ပေါ့ဗျာ said...

စိတ်ကူးလေးကကောင်းတယ်နော် အဲဒီလိုစိတ်ကူးလေးလိုချင်လိုက်တာ

ယွန်းနှင်းဖြူ said...

စိတ်ကူးတိုင်းတော့ အကောင်အထည်ဘယ်ပေါ်နိုင်ပါ့မလဲ ... ဖြစ်ချင်တိုင်းဖြစ်နေခွင့်ရရင် အဲ့တာကို ဘ၀ လို့မခေါ်တော့ဘူး ...
ဒါပေမဲ့ ချစ်အမနဲ့ ထိုက်တန်တဲ့အချစ်တော့ တွေ့လာမှာပါနော် ။ သံယောဇဉ်မထားသင့်တဲ့သူကို သံယောဇဉ်ထားတာကလည်း လူ့စိတ်ကိုပင်ပန်းစေတာပါပဲ ။
အမ အမြဲပျော်အောင်နေနော် ။