Saturday, May 31, 2008

ဝမ်းနည်းခြင်းစာစု

Saturday, May 31, 2008
ပေးဆပ်ခြင်းမှာ
ပျော်နေရဲတဲ့ငါ့ဘဝ
စွန့်လွတ်လိုက်ရခြင်းအတွက်
အနည်းငယ်တော့ မျက်ရည်ကျခွင့်ပြုပါ


ပြုံးပျော်ရွင်ခြင်းတွေရဲ့
အပေါ်ယံလွာ ဆွဲခွါကြည့်မှ
ဝမ်းနည်းကြေကွဲခြင်းတွေ
မင်းမြင်နိုင်မှာပါ

ကံကြမ္မာကိုရိုးမယ်ဖွဲ့လို့
အပြစ်မတင်တော့ပါဘူး
မင်းပျော်မဲ့လမ်း
မင်းကိုလျှောက်ခွင့်ပေးခဲ့တာ
ငါ့ရင်ခွင်က ဗလာနတ္တိပါ

2 comments:

Blade said...

WoW !! u hve amazing idea's and the power to carry them out,u understand the world better the most ppl ..Remember !! Poem & music soothe the soul,,much love and respect everytime,,Bless

ယွန်းနှင်းဖြူ said...

အချစ်ဆိုတာ ကိုယ်ချစ်နေတာကို သူသိပြီး ကိုယ့်ဘက်ကချစ်နေခွင့်ရနေရင် လူတစ်ယောက်အတွက်ကျေနပ်နိုင်ပြီးသားပါ ...
သူအမြင်နိုင်တဲ့အရာတွေကို ကိုယ်ကအတင်းကြီးလုပ်ပြနေဖို့မလိုဘူးလေ ။
တိတ်တဆိတ်ပဲ ပေးဆပ်နေလိုက်တဲ့အချစ်ကပိုလေးနပ်ပါတယ် ..... ။