Sunday, May 11, 2008

ဆန္ဒချို

Sunday, May 11, 2008
ဖြစ်ချင်တာကို လုပ်နိုင်တဲ့ဘဝ
ငါရခဲ့ရင် ..
ငါနင့်ကိုချစ်ကြောင်း
မမောစတမ်းထိုင်ကာ မင်းသိအောင်
ပြောပြခွင့်ရချင်လိုက်တာ
ချစ်သူရာ ...
စိတ်ကူးသမျှအကောင်အထည်ဖော်ခွင့်ရရင်
ငါနင့်ကို ပိုင်ဆိုင်နိုင်ဖို့
ကန္တရခရီးလမ်း ကျော်ကာဖြတ်ရလည်း
မင်းရင်ခွင်ထဲမှာ အမောဖြေ
တဘ၀စာ ခိုလှူံခွင့်ရချင်လိုက်တာ
ချစ်သူရာ ..
ဆန္ဒနဲ့ဘ၀ ထပ်တူကျကြေးဆိုရင်
ဒီဘ၀မှာ မင်းရဲ့ဘေးနား
ထာဝရ မကွဲမကွာ
ငါ့ရဲ့ဘ၀ကို မင်းနဲ့ အတူတူ
နေ၀င်ခွင့်ရချင်လိုက်တာ
ချစ်သူရာ ...

1 comments:

phway said...

my frd lay .. san da .. nae.. bawa .. ta htet hte` kya naing par say kwer ..