Thursday, May 1, 2008

လွမ်းမိတဲ့အခါ

Thursday, May 1, 2008
ရင်မှာဟာတာတာနဲ့
ကြယ်စုံတဲ့ညရယ်လို့
ငါမခံစားတတ်ခဲ့ဘူး
ရင်ခွင်ကိုတိုးဝှေ့လာတဲ့
လေညှင်းကလေးကသာ
မင်းရနံ့လေးတွေသယ်ဆောင်လာခဲ့ရင်
ငါသိပ်ကြည်နူးမိမှာပဲ
သစ်ပင်လေးတွေ ယိမ်းနွဲ့
သဲမှုန်လေးတွေလွင့်ထွက်
လွမ်းရနံ့လေးတွေ ဆွတ်ပျံ့
ပတ်ဝန်းကျင်ရဲ့ တိတ်ဆိတ်မှုထဲ
ငါ့စိတ်ကလေးတွေ
မင်းဆီပြေးလာနေတယ် ..
ချစ်သူရယ် ...

0 comments: