Tuesday, May 20, 2008

မင်းရဲ့ ............

Tuesday, May 20, 2008
လဲပြိုနေတဲ့ ငါ့နှလုံးသားကို
မင်းကြင်နာမှုတွေနဲ့
ရှင်ပြန်ထခွင့်ပေးပါလား


ယိုင်လဲနေတဲ့ ငါ့စိတ်ဓါတ်တွေကို
မင်းလက်ချောင်းကလေးတွေနဲ့
တည့်မတ်ပေးပါလား

ခြောက်သွေ့နေတဲ့ငါ့ဘ၀လေးကို
မင်းနွေးထွေးတဲ့ အကြည့်လေးတွေနဲ့
စိုပြေခွင့်ပေးပါလား

အထီးကျန်နေတဲ့ ငါ့ချိန်နာရီလေးတွေကို
မင်းဘေးမှာရှိနေလို့
ဖြည့်ဆည်းပေးပါလား
ချစ်သူရယ် ..

0 comments: