Wednesday, June 11, 2008

နင်သာငါ့ရဲ့မျှော်လင့်ချက်

Wednesday, June 11, 2008
များစွာသော အပြုံးများလဲ
ငါမစွဲမက်ခဲ့ပါဘူး ...
များစွာသော မျက်ဝန်းများလဲ
ရင်မခုန်တတ်ခဲ့ပါဘူး ...
များစွာသော နှလုံးသားလဲ
အလိုမကျခဲ့ပါဘူး ...
ကမ်းလင့်ခဲ့ လက်များစွာလဲ
မလှမ်းဖြစ်ခဲ့ပါဘူး
မင်းနဲ့ကျမှ
အပြုံးဘုရင်
နှလုံးသားရဲ့သခင်ဖြစ်
ဒီအရင်အစုံ
မင်းနဲ့ဆုံလိုက်တိုင်း
ရင်ခုန်တတ်လွန်းလို့
မကမ်းလင့်သေးတဲ့ မင်းလက်နှစ်ဖက်
မရဲတရဲ မျှော်လင့်ချက်နဲ့
အိပ်မက်မက်တတ်ခဲ့ပြီ
ချစ်သူ

0 comments: