Sunday, June 1, 2008

ချစ်သောမောင်

Sunday, June 1, 2008
ခြွေလို့တောင် မကြွေဘူးပေမဲ့
လေအဝှေ့မှာ ကြွေလင့်
မာနတွေဝပ်ဆင်း
ငြိမ်သက်ခြင်းအလျင်းနဲ့
လောကကြီးကို ခဏမေ့ရင်း
မွှေးရနံ့လေးတွေသင်းလို့
အဲ့ဒါ .. မောင့်အသက်ရှူသံ
ံပြင်းပြင်းလေးတွေကြောင့်ပါ


ပန်းကလေးတွေလည်းလှတယ်
ဆည်းဆာလည်းလှတယ်
လေညှင်းလေးတွေအေးမြတယ်
ဒုက္ခဆိုတာလည်း ချိုမြတယ်
ပျော်ရွှင်ကြည်နူးမှုဆိုတာ
မောင်ဘေးနားနေခွင့်ရချိန်လေးတွေပါ

ဘ၀ဆက်တိုင်းပန်
ထာဝရ လန်းဆန်း
ဘယ်သောအခါမှ မညှိုးနွမ်း
ဘယ်ဘက်ရင်အုံမှာပွင့်တဲ့ပန်း
ထာဝရနမ်းဖို့
တယုတယ မေဆွတ်ခူးပါရစေ
မောင့်ရင်ထဲက တပွင့်ပန်းလေ ..

7 comments:

weenyinthit said...

ပိုစ် ၁၀၀ မြောက်အတွက် ဂုဏ်ယူပါတယ်။ ငါအမတော်တော်ကို ရေးနိုင်တာပဲ ..။ နောက်လည်း ဆက်လက်ရေးနိုင်ပါစေ။

နယုန်ထွန်း said...

တကယ့်ရင်ထဲကခံစားချက်တွေနဲ့ရေးထားတဲ့ဗျာလေးပဲနော်..
မိန်းကလေးတစ်ယောက်ရဲ့ခံစားချက်ကို


ချစ်အိမ်ငယ်...ရဲ့ ရာပြည့်ကဗျာလေးအား ဖတ်ပြီးတဲ့နောက်မှာ.. ချစ်သော မောင်..ဆိုတဲ့ ကဗျာလေးအတွက်...အမှတ်တရ..လေး ဖြစ်စေချင်သော
ကျွန်တော်ရဲ့ ဆန္ဒနဲ့ အတူ...ချစ်အိမ်ငယ်လည်း ပျော်ရွင်ပါစေ ဆိုသောတောင်းဆု..နဲ့ အတူ..ကဗျာသမားမဟုတ်တဲ့ ကိုယ်..က
ကဗျာလက်ဆောင် တစ်ပုဒ်..ပေးလိုက်ပါတယ်...ရာပြည့်လက်ဆောင်..ပေါ့..ချစ်အိမ်ငယ်ရယ်...
ပန်းကလေးတွေက လှတယ်..
ဥယျာဉ်ထဲမှာပေါ့.....
ဥယျာဉ်ထဲက ပန်းကို ..ဆွတ်ယူလို့ လှမ်းချင်ပေမယ့်
ဥယျာဉ်မှူး မှ..မဟုတ်ခဲ့ဘဲ........
ပန်းကလေးတွေ လှတာဟာ....အလွမ်းလေးတွေရစေချင်လို့မှ မဟုတ်ဘဲ..
ပန်းကလေးရယ်..
ပိုင်ရှင်မသိအောင်..လှမ်းချငခဲ့ရင်..
မောင်.ဟာ လူဆိုးဖြစ်မလား..
ပြောပေးပါ..ပန်းကလေးရယ်..

ကောင်းကင် said...

ချာမ ကျနော် လာသွားတယ်နော် ... ချာမရဲ့ အောင်မြင်မှု
အတွက် ဂုဏ်ယူပါတယ် .. အသစ်အသစ်သော ခံစားမှု
တွေလည်း ဆက်လက်မွေးဖွားပေးနိုင်ပါစေ
ခံစားမှုတွေ ထာဝစဉ်လှပနေပါစေ
ချိုမြိန်မှုအပေါင်းနဲ့ အတိပြီးတဲ့ အနာဂတ်မှာ ပျော်ရွှင်ပါ
စေ လို့ ဆုတောင်းပေးတယ်နော် ချာမ :)

phway said...

wow .. wow .. nice 1 ..

ကိုအောင် said...
This comment has been removed by the author.
ကိုအောင် said...

အော်...သူ ငယ် ချင်း ရဲ့ ခံ စား ချက် က ဗျာ လေး တွေ က အရမ်း ကောင်း တယ် ဗျာ...heart ထိတယ်ဆို တာ ဒါ ကို ပြော တာ လား...ကောင်းမှ ကောင်း....ဒါ ပေမယ့် သူ ငယ်ချင်း... ကျွန် တော် နား မလည်တာ တခု ရှိ လို့ မေးပရစေ...
အချစ် ဆို တဲ့ အိမ် ငယ် လေး မှာ...အလွမ်းလှိုင်းတွေ က ဘာ လို့ တိုက် ခတ် နေ ရ တာ လဲဟင်...:P

happy god said...

၁၀၀ မြောက်ကဗျာလေးပေါ့ဟုတ်လား..တကယ်မောင်ရှိနေတာလား..လွမ်းဆွေးမှုတွေများနေတာကလဲ အကြောင်းရှိရမယ်နော်..ကဗျာဆရာမလေးအကြောင်းရေးအုံး..