Tuesday, June 17, 2008

နင့်ရဲ့ဥပက္ခာ

Tuesday, June 17, 2008
ငါခေါ်လို့
နင်လှည့်မကြည့်တဲ့ အခါ
ငါ့မျက်ဝန်းလေး ငွေ့ရည်ဖွဲ့သွားတယ်




ငါ့ရင်ခုန်သံတွေ
မင်းမကြားတဲ့ အခါ
ငါစိတ်ဓါတ်တကယ်ကျတယ်

ငါ့ခံစားချက်တွေ
မင်းကျောခိုင်းသွားတဲ့အခါ
ငါ့နှလုံးသာက နွမ်းလျတယ်

ငါ့အိပ်မက်ထဲ
နင်ရောက်မလာတဲ့ အခါ
ငါ့အိပ်စက်ခြင်းက အဓ္ဓိပ္ပါယ်မဲ့သွားတယ်

ငါ့ဘ၀ထဲမှာ
နင်မရှိတော့တဲ့အခါ
ငါ့အသက်ရှင်ခြင်းဟာ
ကွက်လပ်တွေပဲဆိုတာ
နင်ယုံကြည်ပေးပါ

0 comments: