Sunday, June 1, 2008

မင်းနဲ့တွေ့မှ

Sunday, June 1, 2008
ရယ်သွန်းသွေးပျက်
ပုံပြင် မဆန်တတ်တဲ့ငါ
အလေးမထား
အရာရာတိုင်းမှာ
ပျော်နေတတ်တဲ့ငါ
အချစ်နဲ့ ပတ်သက်
တဖက်သတ်ဖြစ်ခဲ့ရတဲ့အခါ
မင်းနဲ့ပတ်သက်
အလေးထားတတ်လာတဲ့အခါ
ငါဝမ်းနည်းဖူးပြီ
ငိုနေတတ်ပြီ
ကြေကွဲတတ်ပြီ
လွမ်းတတ်ခဲ့ပြီ ....

4 comments:

သွင်မောင် said...

အလွမ်းဆိုတာ... လွမ်းတတ်သူ တစ်ယောက် အတွက် ဘယ်လောက် လွမ်းနေတယ် ဆို ပြောပြလို့ မရပေမဲ့ ...
မလွမ်းတတ် တဲ့ သူမှာတော့ ဘယ်က စပြီးလွမ်း ရမှန်းတောင် သိမှာတောင် မဟုတ် ပါဘူး..

မင်းချစ်သူ said...

ဟုတ်တယ် ကိုသွင်မောင်ရေ မေ က တော့ သူ့ ရဲ့ အလွမ်းတွေ ကို
ကဗျာ အဖြစ်ဖန်တီးပြီး တင်ပြနိုင်တယ်။ ကျွန်တော်ကတော့ ကျွန်တော့်
အလွမ်းတွေ ကို ဘယ်လို ဖော်ထုတ်ရမလဲ မသိဘူး။ အဓိက ကတော့
ဘာကို လွမ်းနေမှန်း မှ မသိတာ ....

Unknown said...

i think your poem comes out from your feelings...
So I like it..

သူများမဟုတ်တဲ့ ... ငါ said...

ဝါး !

မိုက်တယ်ကွာ .... ဆက်ရေး ဆက်ရေး ... အမြဲအားပေးနေမယ် ။ ချစ်အမနဲ့ ညီမကတော့ ရင်ခုန်သံတွေ ထပ်တူကျနေတုန်းပဲနော် :D