Friday, June 27, 2008

ကျမပါ.. ကို

Friday, June 27, 2008
အမြဲ ပြုံးနေတတ်ပေမဲ့
မျက်ရည်များစွာ
ရင်ထဲမှာသာ စီးဆင်းစေ ခဲ့တာ
ကျမပါ .. ကို


အမြဲ ပျော်ပျော် နေတတ်ပေမဲ့
ဝမ်းနည်းမှုများစွာ
ရင်ထဲမှာသာ သိမ်းဆည်းထားခဲ့တာ
ကျမပါ... ကို

အမြဲပေးဆပ်နေတတ်ရင်းနဲ့ပဲ
ရယူပိုင်ဆိုင်လိုစိတ် လေးကို
ရင်ထဲမှာ သိုဝှက်ထားခဲ့တာလည်း
ကျမပါ ... ကို

အသက်ရှူသံလေးပဲဖြစ်ဖြစ်
နှလုံးခုန်သံလေးပဲ ဖြစ်ဖြစ်
အိပ်မက်လေးပဲ ဖြစ်ဖြစ်
ဘယ်အရာမှ ပိုင်ဆိုင်ခွင့်
မရတော့ဘူးဆိုရင်တောင်
မြတ်နိုးပေးဆပ်နေဦးမှာလဲ
ကျမပါပဲ .. ကို

0 comments: