Wednesday, June 11, 2008

ထာဝရအတွက် မင်း

Wednesday, June 11, 2008
ငါ့နှလုံးသားက မင်းဘေးက
အရိပ်ကလေး
မင်းနှလုံးသားက အဝေကိုငေး
လောကကြီးက မတရားဘူးလေ ။


ငါ့အပြုံးများစွာဟာ မင်းကိုပေးဆပ်
မင်းအပြုံးများစွာဟာ တပါးသူအတွက်
ကံကြမ္မာရဲ့ လှည့်ကွက်
မင်းကို အပြစ်မတင်ရက်ဘူးကွယ် ။

ကြင်နာတဲ့လက်တစ်စုံ ကမ်းလင့်
ချိုမြိန်တဲ့ အပြုံးတပွင့် ထပ်ဆင့်
နွေးထွေးတဲ့ နှလုံးသားတစ်စုံ ဖွင့်လှစ်လို့
ငါကြိုနေမယ် ...
အချိန်မရွေး နားခိုနိုင်တယ်
ဒီရင်ခွင်က ထာဝရ မင်းအတွက်ပါကွယ် .. ။

1 comments:

Anonymous said...

အစ်မ လာလည်သွားတယ်နော် .. ကဗျာလေးက ဖတ်ပြီးသားလေးဆိုပေမယ့် ထပ်ဖတ်သွားတယ်
ခံစားပြီးသားကိုလည်း ပြန်ခံစားသွားတယ် :P ..