Tuesday, June 17, 2008

ငါ့ကဲ့သို့များ

Tuesday, June 17, 2008
ငါ့နှလုံးသားက
မင်းကိုတမ်းတ
သတိရတဲ့အခါ
ငါစဉ်းစားမိတယ်
မင်းရောငါ့ကို
လွမ်းနေမလားလို့


မင်းစကားသံလေးပြန်ကြား
တကယ်ကြည်နူးရတဲ့အခါ
ငါတွေးမိတယ်
မင်းရော ငါ့လို
ခံစားနေသလားလို့

ရင်ခုန်တမ်းတ
ရူးသွပ်ခြင်း အပိုင်းအစ
ငါတကယ် တန်ဖိုးထားတဲ့အခါ
ငါမျှော်လင့်မိတယ်
မင်းရင်မှာ ငါ့အတွက်
တနေရာစာရှိသေးလားလို့ ပါ

0 comments: