Monday, November 30, 2009

နူးညံ့ဝေဒနာ

Monday, November 30, 2009
င့ါ အလွမ်းလက်ပံပင် က
ဘယ်လောက် အကိုင်းချိုးချိုး
အို မသွားပါဘူး ..............

နေပူပူ
မိုးရွာရွာ
ဘာအကာမှ ငါ့မှာ မရှိဘူး
တကိုယ်တည်း
မပြိုလဲ ဘူးဆိုပေမဲ့
ယိုယွင်းခဲ့တဲ့ စိတ်တွေက
တိုးတိတ်စွာ
ငိုကြွေးနေတယ် ....

နှင်းတွေ ပိန်းပိတ်မှောင်တဲ့လမ်းမှာ
စမ်းတ၀ါးဝါး လျှောက်ကာသွား
မြူတွေလည်း ဆိုင်းနေတယ်
ဘယ်လမ်းရယ်
ငါ့အတွက်အလွမ်းပျယ်မှာလဲကွယ်

အားကိုးစရာ ကြယ်တစ်ပွင့်မှ
ကောင်းကင်မှာ လင်းလက် မနေဘူး
အားယူလို့ ပြုံးကြည့်ပါသေးတယ်
နုန်းချည့်နေပီပေါ့ ........။

လမ်းပြပါလား ချစ်သူ
မင်းအပြုံးတွေ ခေါ်ဆောင်ရာမှာ
ငါပျော်မှာပါ ..

မင်းလက်တွေက ငါ့ကို ဘယ်တော့မှ
မကမ်းပေမယ့်
ငါက တမ်းတ နေတတ်တယ် .........။

ငါ့ချစ်စိတ်ကို
မင်းတိတ်တဆိတ် မုန်းနေပြန်လျော့လား
အရှုံးဆိုတာကတော့ မင်းတိုက်တိုင်း
သောက်နေကျ ၀ိုင်ချိုတခွက်ပါ
ခါးသက်စွာစီးဆင်းလို့
ဝေဒနာတွေက နှလုံးသား တစ်နေရာမှာ
နားနေတတ်တယ် ............။

မင်းမျက်ဝန်းတွေ မချိုရင်
ငါ့ရင်မှာ မိုးပြိုရပါတယ် ချစ်သူ ............ ။

ဒါပေမဲ့
ငါဘယ်လောက်ရှိုက်ငို
မင်းရိုက်တယ်လို့ ရင်မှာ မယူဆခဲ့ပါဘူး ..... ။

မျှော်လင့်ချက်တွေ နိုးလာတိုင်း
ဝေဒနာ တွေ တိုးလာရတယ်
ရိုးသားစွာ ပဲ ငါ့မနက်ခင်းတွေကို
ဝှက်ထားပါရစေတော့ ..... ။

ဒီအတွက် ငါဘယ်လောက်ဆိုးရွားစွာ
ငိုကြွေးရမယ် မသိပါဘူးကွယ် ........... ။

11:55pm
wed
5 . 8 . 09

2 comments:

Unknown said...

မျှော်လင့်ချက်တွေ နိုးလာတိုင်း
ဝေဒနာ တွေ တိုးလာရတယ်
ရိုးသားစွာ ပဲ ငါ့မနက်ခင်းတွေကို
ဝှက်ထားပါရစေတော့ ..... ။

အားပါး ... ရေရေလည်လည် ခိုက်တယ်
ငိုတောင် ငိုချင်လာပြီနော်

Unknown said...

မငိုနဲ့လေ လေးလေး
ကုန်းပေါ်မှာပဲ ခိုက်ပါ ရေလည်မှာဆို
ရေထဲ ပြုတ်ကျနေမှဖြင့် .... etc.. :P