Monday, November 30, 2009

သ၀န်တိုစိတ်

Monday, November 30, 2009
ငါ့ အတွက်မဟုတ်ရင်
နင်မပြုံးပါနဲ့လားချစ်သူရယ်
တစ်ပါးသူအတွက်
နင်အပြုံးတွေ ခြွေလိုက်တိုင်း
ငါ့ရှုံးသွားသလိုပဲ ...
ငါစိတ်က အသုံးမကျဘူး ဆိုဆို
သ၀န်တိုစိတ် တွေ နဲ့
ငါစိတ်ညိုတယ်
အချစ်ပိုလို့ မျက်ဝန်းစိုတယ် ထင်ပ
ဒီရင်က ရှုံးပြီးရင်ရှုံး
မင်း အပြုံးလေးတွေ
ရင်မှာ ဝေ နေတုန်းပဲ
တစ်ပါးသူလက်ထဲ မပေးရက်ပါဘူးကွယ်

22.10.09 ( Thur )
5:45 pm

12 comments:

Unknown said...

အစ်မဆောင်းရေ....
မျက်စိမှိတ်ဝင်လာပေမဲ့ ပြူးပြဲပြီးဖတ်သွားတယ်
မူးလဲမတက်ခံစားထားတဲ့ မဆောင်းရဲ့အရေးသားကို
ထူးကဲအောင်နားလည်နေတယ်...
အဒိုးလဲ ငိုတော့မယ်နော်...

ချစ်အိမ်ငယ် said...

မငိုနဲ့လေ ... ညီမလေး
တိတ်တိတ်
ချော့ကလက် ကျွေးမယ် :(

Harry said...

ငါ့အတွက် မဟုတ်ရင်
နင်မပြုံးပါနဲ့လား ချစ်သူ ....

အဲဒီနေရာလေးက ရင်ထဲအထိ ရောက်လာတယ် လွမ်းရေ ..

ချစ်အိမ်ငယ် said...

ဟုတ်ကဲ့ ကိုဟယ်ရီ
ကဗျာလေး လာဖတ်သွားတာ ကျေးဇူးတင်ပါတယ်
လွမ်းလည်း ဒီကဗျာလေး ကို ကြိုက်တယ်

www.crystalrays.org said...

လွမ်းမကြိုက်တာ ဘာရှိလို့ လဲ :P

Unknown said...

မဆောင်းရေ.....

အမကဗျာလေးကို..ဖတ်လိုက်တာ....
အတင်းမေ့ထားတာကိုပြန်သတိရသွားတယ်အမရယ်.....အမရယ်....

Unknown said...

ညလေး ပြောမှ ကိုယ့်ကဗျာ ကိုယ်ဖတ်ပီး မကြီး
တောင် ငိုချင်သလိုလို ဖြစ်သွားပီ ဟင့်း(

certain condition cube said...

တော်တော် စိတ်ပုပ်တယ်။ ငါ့အတွက် မဟုတ်ရင် မပြုံးနဲ့တဲ့။ မူပိုင်ခွင့် လုပ်ရမယ်ထင်တယ်။ ဒါပေမယ့်လည်း သူများအတွက်လည်း ပြုံးခွင့်ပေးလိုက်ပါ။ --- တိန်--- တိန်

Unknown said...

မပေးနိုင်ပါဝူး အေ စိတ်ပုတ်တယ် ပြောပြော

Unknown said...

အရမ်း အရမ်း အရမ်းကို နုတာပါပဲကွယ် ... ဟီး

Unknown said...

လေးလေး ကော်မန့်ကလဲ စနိုး ကြော်ငြာတာ
ကျနေတာပဲ :( :P လေးလေးလဲ စနိုးလိမ်းတယ် ထင်တယ် ဟီး ရောကုန်ပီ ကွန်မန့် နဲ့ :O

Unknown said...

ကဗျာလေးက အရမ်းထိတယ်

တိုက်ဆိုင်နေလို့လားမတိဘူး..အရမ်းကြိုက်တယ်..:P