Monday, November 30, 2009

နင်မချစ်လည်း ငါချစ်တယ်

Monday, November 30, 2009
ငါက ငါ့အပြုံးမှာ
မာယာတွေ မဖုံးတတ်ခဲ့ဘူး
မင်းရင်မခုန်ခဲ့ဘူး မဟုတ်လား

ငါက မင်းကို
ဘာမှ မကိုးကားဘဲ ရိုးသားစွာ ချစ်တာ
မင်းမခံစားတတ်ခဲ့ဘူး မဟုတ်လား

ငါဘယ်လောက်ငေးငေး
မင်းမျက်ဝန်းတွေ ငါမတွေးတတ်ခဲ့ဘူး
မဝေးချင်ပါဘူး ဆိုတာ
ကလေး ဆန်တာတဲ့လား

တခြားသူရဲ့ ရင်ခွင်မှာ နင့်ကိုကြည့်ရဲလောက်တဲ့
ရင့်ကျက်မှုမျိုးတော့ ငါ့မှာမရှိသေးဘူး

နင်မပြောချင်တဲ့ စကား
ငါကြားချင်တယ် ..
နင်မကြားချင်တဲ့ စကား
ငါပြောချင်တယ်
နင့်ရင်မှာလက်မခံနိုင်လည်း
ငါဝန်ခံရဲပါတယ်
ငါနင့်ကို သိပ်ချစ်တယ် ...... ။

အလွမ်းတွေ သီကုံး
အရှုံးလက်တွေ နဲ့ နေ့ရက်များစွာ
ရုန်းထွက်ခွင့်ရချင်တယ်

နင့်အနားမှာဆို
ငါ့ဘ၀ ဘယ်လောက် ခါးခါး
အဲ့ဒီ အမှားအတွက်
ငါရိုးသားစွာ ကျေနပ်နေပါ့မယ်

နင့်နှလုံးသားတစ်စုံကို
့ငါ့ဘ၀ တစ်ခုလုံးနဲ့ လဲရဲတယ်
ငါနင့်ကို အဲ့လောက်ထိ မြတ်နိုးပါတယ် ချစ်သူ !

12:30 am
( wednesday )
4.11.09

17 comments:

Hollinaz said...

ဆောင်းရေ ဒီကဗျာက ငါ့ရဲ့ နင့်အပေါ် ခံစားချက် ကဗျာလားဟင် .... .com

ချစ်အိမ်ငယ် said...

ဟုတ်ဝူး ဟေးးးးးးးးး ဟုတ်ဝူးးးးးးးးး သုခနော် ဟင်းဟင်း

www.crystalrays.org said...

သူ့ ကြည့်ရတာ အချစ်ကြမ်းမယ့် ပုံပဲ
ခေါင်းစဉ်ဖတ်ရုံနဲ့ တင် ကြက်သီးထတယ်....

အာမလေးလေးလေးလေး ..............

Unknown said...

i can shape a story in ur poem (OR) i can shape ur story in this poem ;P

Unknown said...

မဆောင်းရေ...ညလေးလာဖတ်သွားတယ်နော်..

မဆောင်းရဲ့ကဗျာလေးတွေကကောင်းတယ်...

certain condition cube said...

ကောင်းပါ့ရှင် -- ဒါပေမယ့် သူမချစ်တာကို ကိုယ်က လိုက်ချစ်နေရင် သူ့အတွက် အနှောင့်အယှက်များ ဖြစ်သွားမလားဟင် --- အချစ်ခံရတာလည်း ၀ဋ်တစ်မျိုးပဲ

Unknown said...

ဝဋ်ကျွေးရှိသမျှ ကျေပါစေတော့လေ ...
နင်ပြောလိုက်တာကြီးကလဲ ... အဟင့်

Unknown said...

ချစ်သာချစ် မဂျီးဆောင်းရေ

အချစ် ခံရတာ ဘဲ မကြိုက်တဲ့

သူ ရှိလောက်ပါဝူးလေ

Unknown said...

ကဗျာလေးဖတ်ရင်း ဆုတောင်းလေး တခု ထားပေးခဲ့ချင်ပါတယ် ။ နင်မချစ်ပဲ ငါချစ်တဲ့ ဘ၀မှ သည် ”နင်ရော ငါရောပဲ ချစ်နိုင်တဲ့ဘ၀တခု ပိုင်ဆိုင်ပါစေ”

Unknown said...

@ U Htun

ရှိချင် ရှိမှာပေါ့ ဘယ်တပ်အပ် ပြောလို့ရမလဲ

@ ချစ်မ

ပေးတဲ့ ဆုနဲ့ ပြည့်ပါစေ ( ချစ်မက ချစ်စရာ ကောင်းတယ် လိမ်မာတယ် ) :P

Unknown said...

ရင်မှာတိုးတိတ် ကျိတ်မှိတ်ကြေကွဲ အလွမ်းများလဲ ဝေးပါစေကြောင်းဆုတောင်းပေးပါတယ် နော် ....စစ်လေး ....အချစ်ရေးမှာကံကောင်းပါစေ......

Unknown said...

စာသားလေးတွေက ရိုးရှင်းသလောက် ခံစားချက်ကို ထိထိမိမိ ပုံဖေါ်သွားနိုင်ခဲ့တယ် ... သူချစ်ကိုယ်ချစ် ဖြစ်နိုင်ပါစေဗျာ

Unknown said...
This comment has been removed by the author.
Unknown said...

ပေးတဲ့ ဆုနဲ့ ပြည့်စေ လေးလေး
လေးလေး ဆုတောင်းရင်တော့ ပြည့်မှာပါ

Unknown said...

:D ဒီကဗျာလေးကောင်းတယ် မကြီး။။
လာအားပေးသွားတယ်နော်။

Khin Moet Moet Nyein said...

တခြားသူရဲ့ ရင်ခွင်မှာ နင့်ကိုကြည့်ရဲလောက်တဲ့
ရင့်ကျက်မှုမျိုးတော့ ငါ့မှာမရှိသေးဘူး

သူပျော်နေမယ်ဆိုရင်တော့ ရင့်ကျက်မှုတွေ မွေးယူလိုက်ပါ ချစ်မကြီးရယ် သူပျော်ရင် ကိုယ်ပျော်သလို ခံစားလိုက်ပါ ခံစားနေရတာတွေ နည်းနည်းတော့ ပေါ့သွားပါလိမ့်မယ်

Anyway, I like this poem very much.

Unknown said...

နင်မချစ်ရင်တော့ ချစ်ပါဝူးးးးးးး

နင်ချစ်လို့ ချစ်ပေးနေတာနော်.........ဟဲဟဲ