Monday, November 30, 2009

ခပ်နွမ်းနွမ်း စိတ်ကူးပန်း

Monday, November 30, 2009

တစတစတိုးတိတ်သွားမှာ
စိုးထိတ်သံတွေက တော့
နာရီတခုရဲ့ ကျောပြင်မှာ
မြည်ဟီးလို့

အလွမ်းပုံဆောင်ခဲတွေ
အရည်ပျော်ကျ
အိပ်မရတဲ့ညမှာ
တပ်မက်မိတာ နင့်မေတ္တာ

လှောင်ပြောင်ရယ်မောသွားကြတဲ့
စက္ကန့်တံတွေ ကြား
ငါ့ရယ်သံတွေ ခါးသက်ခဲ့ရတာ
အဲ့ဒိ တပ်မက်မှု ကြောင့်များလား

နူးညံ့မှု မာကျောမှု ကို
ငါ့ရင်က အရေးမယူပါဘူး
ငါ့အလွမ်းထုကို ဖြိုခွင်းနိုင်မယ့်
မင်း အချစ် တစ်ခုကိုသာ
တယုတယ တောင်းခံချင်တာပါ

တခဏ အတွက်မဟုတ်ဘူး
တဘ၀ လုံးအတွက် ပိုင်ဆိုင်ချင်တယ်
ဒီလို အတ္တ ငါ့ရင်မှာ ချိုမြစွာ
တည်ရှိနေခဲ့တာ
နင့်နာမည်လေး ငါ့နှလုံးသားမှာ
ကဗျည်း ထိုးထားပြီးကတည်းက ...

မင်းမျက်ဝန်းထဲက စကားလုံး
ငါ စာလုံးပေါင်းတတ်ဖို့
ဘယ်သင်တန်းကျောင်းက များ
ငါ့ကိုလက်ခံမှာလဲ ...

မတရားတဲ့ လောကကြီးကို
ဟားတိုက်ရယ်လိုက်ချင်ပုံများ .........။

အသိဥာဏ်မဲ့တဲ့ အပြုံးတွေနဲ့
နုန်းချာနေတဲ့ ငါ့ကို ပတ်ဝန်းကျင်က
အရှုံးသမားလို မြင်ကြစမ်းပါစေ ..
ငါ့ရင်ထဲက စိတ်ကူး
ဘယ်သူမြင်ဖူး ကြလို့လဲ ... ။

ဖြေညှင်းညင်သာတဲ့ သူ့ခြေလှမ်းလေးတွေ
ငါ့ရင် ကမ်းစပ်မှာ ခြေရာထင်တာ
ငါသာသိတယ် ..
လှိုင်းကလေးတွေလည်း မခြေဖျက်ခဲ့နိုင်ပါဘူးကွယ်

ချစ်သူနင်ကွယ်ဝှက်ထားတဲ့
နှလုံးသားတစ်စုံ
ငါ့အတွက် မဟုတ်ဘူးဆိုလည်း
ရုးမိုက်စွာ ငါဆွတ်ခူးချင်တယ် ။

အတ္တတွေ နဲ့နေ့ အတ္တတွေနဲ့ည
အလွမ်းခါးခါးတွေနဲ့
ငါ့ဘ၀ဟာ မှားခဲ့တယ်ဆိုရင်လည်း
အမှန်တရား ဆိုတာကို
ငါမရှာဖွေချင်တော့ဘူး .....။

11း55 pm
1.11.09
( Sunday )

10 comments:

Unknown said...

မရေ...ဒီကဗျာလေးကိုကြိုက်တယ်.....

အောက်ကစာပိုဒ်ကိုပိုကြိုက်တယ်.........

ချစ်သူနင်ကွယ်ဝှက်ထားတဲ့
နှလုံးသားတစ်စုံ
ငါ့အတွက် မဟုတ်ဘူးဆိုလည်း
ရုးမိုက်စွာ ငါဆွတ်ခူးချင်တယ် ။

Unknown said...

ကျေးဇူးပဲ ညီမလေး .. ကြိုက်ရမယ်လေ
ဒီရင်ဘတ်ကြီး နဲ့ ခံစားထား :P
( မဆောင်းက နဲနဲလေးမှ မြှောက်လို့ မရ၀ူးနော် ) :D

certain condition cube said...

ချစ်တာတွေ ခံစားရတာတွေနဲ့ ကဗျာ ဖတ်နေ၇င်းတောင် တော်တော် ခံစားရတယ်။ စာတွေ့တွေက ကောင်းလှ ချည်လား

Unknown said...

ငါ့သူငယ်ချင်းလေးက ဒါတွေ ခံစားတတ်နေပီလား
တိုးတက်လာပီ ( ဘတ်စ်ကားတော့ မလုပ်နဲ့ )
ဟင့် နင်က ငါ့ကို စာတွေ့ဆိုပီး ဖဲ့တယ် ပေါ့
မပြောပြတော့ပါဝူး လေ :P လာမမေးနဲ့ နော် အတင်း

နတ်ဆိုးလေးနက် said...

အရမ်းကောင်းတယ် မရီးဆောင်း.....

ခံစားချက်တွေပြည့်နက်နေတယ်လို့ပြေရမယ်နော်.....
အားပေးတယ် ကောင်းတာလေးတွေ မျှပါဦးနော်...

rose said...

အိမ်ငယ်... ကဗျာလေးတွေ လာဖတ်သွားပါတယ်။ အားလုံးကို ကြိုက်တယ်။ ခံစားလှချည်လားပာင် ဘယ်လိုများ အဲ့လောက်များတဲ့ ကဗျာတွေ ရေးထုတ်လို့ ရပါလိမ့်....

Unknown said...

နိမိတ်ပုံလေးတွေ သဘောကျတယ် ... ခံပြင်းတဲ့ စိတ်အခံလေးတွေ ပါနေသလားလို့ ... ဟိဟိ

Unknown said...

စိတ်အခံလေး နဲ့ပဲ ရေးထားတာပဲ ဟာကို
ပါမှာပေါ့ ဟီး

rose said...

ကဗျာလေးတွေ လာဖတ်သွားပါတယ် အိမ်လေးရေ...
အားလုံးကြိုက်တယ် သိလား...

rose

Unknown said...

အတ္တတွေ နဲ့နေ့ အတ္တတွေနဲ့ည
အလွမ်းခါးခါးတွေနဲ့
ငါ့ဘ၀ဟာ မှားခဲ့တယ်ဆိုရင်လည်း
အမှန်တရား ဆိုတာကို
ငါမရှာဖွေချင်တော့ဘူး .....။