Monday, November 30, 2009

ကဗျာ မဟုတ်တဲ့ ကဗျာ

Monday, November 30, 2009
ကဗျာလည်း မရေးချင်ဘူး
ဘာမှ မတွေးတတ်လို့ တော့ မဟုတ်ဘူး
ရောထွေးနေတဲ့ ခံစားချက်တွေ အတွက်
စည်းချက်တွေက ဘယ်မှန်မလဲ

ငှက်ကလေးတွေ တေးဆိုသံလည်း
ငါ့ရင်ကို ငိုစေတာပဲ...
အလွမ်းပို မိလို့ပါကွယ် ..

ရင်ထဲက ဝေဒနာ အပူ
ဘယ်သူ ဖန်းဆင်းခဲ့တာဖြစ်မလဲ
မသဲကွဲတဲ့ မျှော်လင့်ချက်ပေါ့ ... ။

နှင်းတွေ ဘယ်လောက်သဲသဲ
နက်နဲနေတာ ဝေဒနာ
အဖြေရှာ လည်း
မရေရာ သေးဘူး ..
မင်းမျက်ဝန်း တွေကြောင့် ရူးချင်တယ်

အဆင်မပြေမှု များစွာထဲမှာ
ငါ့မျက်ဝန်းတွေ မျက်ရည်တွေနဲ့ အဆင်ပြေနေတယ်
ငါ့ရင်ခုန်သံ ၀မ်းနည်းမှုတွေနဲ့ အဆင်ပြေနေတယ်
ငါ့မျှော်လင့်ချက် စိုးထိတ်မှုတွေနဲ့ အဆင်ပြေနေတယ်
နင်မသိတဲ့ အဆင်ပြေမှု များစွာ ....
ရင်မှာ ၀ှက်ထားတုန်းပဲ ...... ။

ငါ့ချစ်ခြင်း
မိုက်တွင်းနက် တယ်ပြောပြော
ရိုက်ကွင်းပေါ်က အလွဲတွေလိုပဲ
ရယ်သံတွေက တော့ ကြေကွဲတယ်

မင်းဟာ
မှေးမှိန်တဲ့ အလင်းရောင်ဆောင်ကြဉ်းလာတဲ့
ကြယ်တစ်ပွင့်ဆိုလည်း
ငါ့ရင်ကို ဖွင့်ခင်းထားတယ်
လမင်းလို လင်းနေစရာ မလိုပါဘူးကွယ်
ငါ့ဘ၀ရဲ့ညတွေ
လှပသွားမှာပါပဲ .. ။

မကြည့်ဘူးဆိုမှာတော့ မင်းဘယ်သိတော့မလဲ
တွယ်ငြိခဲ့ရတဲ့ သံရောဇဉ်
မင်းနဲ့ မပတ်သက်ဘူး ထင်နေရင်
သူစိမ်း ပြင်ပြင် အကြည့်တွေနဲ့သာ
စိမ်းကားတော့ပေါ့
ပေါ့ပေါ့ပါးပါး ပြောတယ် မထင်ပါနဲ့
ဆော့ကစားဖို့လည်း စိတ်မပါဘူး
မင်းကို ရူးရူးမူးမူးချစ်ခဲ့သူပါကွယ်

8:25 pm
18.10.09
( Sunday )

4 comments:

certain condition cube said...

ကဗျာမဟုတ်တဲ့ ကဗျာတဲ့ --- အင်း --- နုလွန်းတဲ့ ခံစားချက်တွေနော် ---

Unknown said...

နူးညံ့တာမှာ အိစက်နေတာပဲ
ကျေးဇူးချစ်လေး အာဘွားနော်

Unknown said...

ရလဲ့လဲ့ ... ပေါ့ပေါ့ပါးပါး ပြောတယ် မထင်ပါနဲ့
ဆော့ကစားဖို့လည်း စိတ်မပါဘူး
မင်းကို ရူးရူးမူးမူးချစ်ခဲ့သူပါကွယ်

အင်း ... ကဗျာ မဟုတ်ပေလို့ပဲနော် ...

Unknown said...

မကြည့်ဘူးဆိုမှာတော့ မင်းဘယ်သိတော့မလဲ
တွယ်ငြိခဲ့ရတဲ့ သံရောဇဉ်
မင်းနဲ့ မပတ်သက်ဘူး ထင်နေရင်
သူစိမ်း ပြင်ပြင် အကြည့်တွေနဲ့သာ
စိမ်းကားတော့ပေါ့
ပေါ့ပေါ့ပါးပါး ပြောတယ် မထင်ပါနဲ့
ဆော့ကစားဖို့လည်း စိတ်မပါဘူး