Tuesday, September 29, 2009

သူမဖန်ဆင်းခဲ့တဲ့ မျှော်လင့်ခြင်း

Tuesday, September 29, 2009
ကျမနှလုံးသားတစ်စုံ
ရင်ခုန်အောင် သူပြုံးပြတတ်တယ် ... ။

သူ့အပြုံးတွေမှာ
နှလုံးသား တစ်စုံ နုန်းနေအောင် ရင်ခုန်မိသူပါ ... ။

ကျမအသိတွေ မှာ
သူ့အကြည့်တွေပဲ ရှိနေတတ်တယ် ......။

ရင်ခုန်အောင် သူမကြည့်ပါဘူးဆို လည်း
ကျမက ရူးခဲ့သူပါပဲ ............. ။

ကျမ အကြားမှန်သမျှ
သူ့စကားသံလေး တွေပါ ............ ။

ရင်လှိုက်ဖိုအောင် သူမဆိုပါဘူးဆိုလည်း
ကျမ ရိုကျိုးစွာ မြတ်နိုးတတ်သူပါပဲ ..........။

ဘယ်နေရာကြည့်ကြည့်
သူ့ပုံရိပ်သာမြင်မိတယ် ............ ။

သူမသိပါဘူးဆိုလည်း
ကျမရင်မှာ သူရှိပါတယ် ........... ။

ကျမ အတွေးတွေမှာ
သူ့မာန လေးတွေပဲ ရှိနေတတ်တယ် ....... ။

နားလည်ရခက်နေလည်း
ကျမ သိပ်ချစ်ပါတယ် ............။

သူ့နှုတ်ခမ်းက ဘာခြွေခြွေ
ကျမ က ကြွေနေတတ်သူမဟုတ်လား ..........။

သူနဲ့ အနေဝေးရင်
ကျမ အပြုံးလေး ဆွေးမြည့်ရတယ် ...........။

စိုးစိတ်တွေနဲ့ တိုးတိတ်စွာငို
ကျမ နေ့ရက်တွေ မချိုနိုင်ပါဘူး ..........။

သတ်မရတဲ့ မျှော်လင့်ခြင်းတွေကြားမှာ
ကျမ အတ္တ မခါးခဲ့ပါဘူးကွယ်

သူ့အနားမှာသာ
ကျမ မှားနေပါရစေလား ............. ။

11: 55 pm
( Tuesday )
29.9.09

18 comments:

Unknown said...

ချစ်တယ်မဟုတ်လား ချစ်ရင်သည်းခံရမှာဘဲ ဘယ်လိုဘဲဖြစ်နေ ဖြစ်နေ သူနဲ့ တဘ၀လုံးလက်တွဲချင်တယ်မဟုတ်လား အနစ်နာခံရမှာဘဲ ဘာဖြစ်လို့လဲ ဆိုတော့ ချစ်တာကို ချစ်ရင် အရာရာကို
အရှုံးပေးရမယ်ဆိုတာမှတ်ထားလိုက်။

ချစ်အိမ်ငယ် said...

ဟုတ်ကဲ့ သမီးတော် မှတ်သားထားတာပါတယ် ။
ငိုချင်လာပီ အီးးးးးးးးးး ၀ါးးးးးးးးးးးးးးး

Unknown said...

ကဗျာနာမည်နဲ့ ကဗျာလေးက အစပ်အဟပ်တည့်လိုက်တာ
အချစ်နဲ့ အချစ်ရဲ့ မျှော်လင့်ခြင်းကို သိပ်သိပ်သည်းသည်း ခံစားခွင့်ရစေတဲ့ ကဗျာလေး တစ်ပုဒ်ပါပဲ ...

Unknown said...

storY တစ်ပုဒ်ကို ခံစားလိုက်ရသလိုပါပဲ ..... truth story ပေါ့... :P

ချစ်အိမ်ငယ် said...

True တွေပဲလေ (ခေါင်းလျှော်ရည် မဟုတ်ဝူးနော် ) ရင်တွင်းဖြစ်တွေ ဟီး

www.crystalrays.org said...

ဖြစ်မှဖြစ်ရလေ မိဆောင်းရယ်

Unknown said...

တော်တော်ခံစားတတ်တာပဲ သမီးတော်ရယ်....
ချစ်တတ်တာက မမှားပါဘူး...
အရေးအသားက ကောင်းပါတယ်

မိုးစက်ငယ် said...

သူ့နှုတ်ခမ်းက ဘာခြွေခြွေ
ကျမ က ကြွေနေတတ်သူမဟုတ်လား ..........။


ချစ်မ ဆောင်းရေ ...
အရေးအသားတွေလန်းနေတာ ပိုးစိမ်းကြူးလေးကြောင့်ထင်ပါရဲ့နော်...

တပုဒ်လုံး ကိုကြိုက်တယ်
ရင်ထဲမှန်အောင်ပစ်လိုက်တဲ့ အသွားထက်ထက်ကလောင်တလက်ပါပဲ............
း)

Anonymous said...

သူ့အနားမှာ ကျမ မှားရပါစေသားတဲ့ အဲဒါတော့ ယုံတယ် တလွဲချည်းပဲ :D

ချစ်အိမ်ငယ် said...

@ မစု
မယုံဝူးဆို သတ်ပစ်မှာ ဘာမှတ်လဲ ဟီး

@ မိမိုး

ဘာနဲ့ မှ မပစ်ဝူး လက်နက်ချပီးသား ဟဟဟ
ပေါတယ်နော် :P

ယွန်းနှင်းဖြူ said...

စာသားတွေ မိုက်ဒယ် ကွ :D
ဆက်ရေး အားပေးနေမယ် ;)

ယွန်းနှင်းဖြူ

Anonymous said...

ကိုယ်မျှော်လင့်ထားသလို့ ဖြစ်မလာရင်ကော....
ဖြစ်လာခဲ့ရင်တော့ အားရ၀မ်းသာစရာတွေနဲ့ ပြည်စုံနေမှာက
ကျိန်းသေတယ်ဗျာ ကျနော်လည်း မမြင်ရသေးတဲ့ ကိတ်စတွေက ကြိုတင်ရိုက်ခတ်နေတာကို ခံနေရပီ။

Unknown said...

”သူ မဖန်ဆင်းခဲ့တဲ့ မျှော်လင်းခြင်းတဲ့လား...”
သူ မဖန်ဆင်းခဲ့တဲ့ မျှော်လင့်ခြင်းတောင် စစ်တယောက် ဒီလောက်ထိနေတာ သူဖန်ဆင်းတဲ့ မျှော်လင့်ခြင်းဆိုရင်တော့ စစ် တယောက် ဘယ်လိုများ ဖြစ်မှာပါလိမ့်... နောက်တာပါ... တကယ့် တကယ်ကို ကောင်းပါတယ် .... အမြဲအားပေးနေပါ့မယ်

သွင်မောင် said...

ကဲ.... ကဗျာတွေဖတ်ရတာလည်းခံနိုင်ရည်မရှိတော့ဘူး လိပ်စာပေး.. သွားတောင်းပေးမယ်.. ပွဲစားခတော့ပေးရမှာနော်... သိပ်များများမတောင်းပါဘု
ချောချောလှလှ
၂၀ မကျော်
စည်းစိမ်လေးလည်းပြည့်ဝပြီးတော့
အနွံတာ ခံချစ်မဲ့သူ
လာတောင်းရမ်းပြီးယူမယ့်သူလေး
တစ်ယောက်ထဲပဲရှာပေးပါ... :D

ချစ်အိမ်ငယ် said...

ဘရားသားနော် ကိုယ့်ညီမကို အဲ့လို ပြောစရာလား
ဟွင်းဟွင်း နာမယ်
တကယ်တောင်းပေးမှာလား ဟီး

Kyaw Kyaw Htay @Lewis said...
This comment has been removed by the author.
Kyaw Kyaw Htay @Lewis said...

Gooooooooooooooooood....super Goooooodddddddddddddd

Unknown said...

"သူ့နှုတ်ခမ်းက ဘာခြွေခြွေ
ကျမ က ကြွေနေတတ်သူမဟုတ်လား..."

ဟုတ်တယ်နော်..