Tuesday, September 29, 2009

ချစ်နေတော့လည်း

Tuesday, September 29, 2009
မင်းရဲ့ မာန မျက်ဝန်းကမှ
ရင်မှာ အထင်ကရ ဖြစ်ခဲ့ရတယ် ...

မင်းရဲ့ ဥပက္ခာပြုမှုတွေ ကြား
မျက်ရည်တွေ ခြွေလိုက်ရမှ
ငါ့မျက်ဝန်းက ပျော်တတ်နေတာလား ....

ကံကြမ္မာရယ်လို့
တခါ မိန့်ဆိုမိတိုင်း
သိုသိပ်စွာ ကြေကွဲရတယ် ...

ငါ့မှာလည်း မာနနဲ့ပါ
ဒါပေမဲ့
ငါမြတ်နိုးတဲ့ မင်းလက်ချောင်းလေး တွေက
ခ၀ါ ချ ပစ်ခဲ့တာ မဟုတ်လား

ရင်ထဲက ဆန္ဒတစ်စုံတစ်ရာအတွက်
နှုတ်ဖျားက တကြိမ်တခါတောင်
ငါပြောမထွက်ခဲ့ဘူး ......

မပြောတော့ပါဘူး
ကျိန်စာသင့် နှုတ်ခမ်းတွေ
အမြဲ လွမ်းနေတော့မယ်

မငိုတော့ပါဘူး
ကျိန်စာသင့် မျက်ဝန်းတွေ
အမြဲ ကန်းနေတော့မယ်

ရင့်ကျက်စွာလည်း ပင့်သက်မချတတ်တော့ဘူး

ချစ်သူရေ
မင်းနဲ့ ပတ်သက်ရင် မင်းငါ့အပေါ်ထားတဲ့
မာနလေးလည်းပဲ
ငါက မြတ်နိုးနေတတ်ခဲ့တယ်

ငါလိုလူ ရှုံးတယ်ဆိုတာ
လောကကြီးရဲ့ပျော့ကွက်လည်း မဟုတ်တော့ဘူး
ရုန်းမရအောင် ချစ်ဖို့ကို
ငါ့ကိုယ်ငါ စီရင်ချက်ချခဲ့တာပါ ။

နင့်လှည့်မကြည့်တော့လဲ ငါကြေကြေကွဲကွဲ ကျေနပ်နေတယ် ။

ရိုးသားစွာ မြတ်နိုးနေဦးမယ့် မနက်ဖန်တွေ တိုင်း
လွမ်းမြူတွေ ဆိုင်းနေဦးမှာပါပဲ လေ ... ။

28.9.09
( Sunday )
11 : 59 pm

11 comments:

Khin Moet Moet Nyein said...

"ရိုးသားစွာ မြတ်နိုးနေဦးမယ့် မနက်ဖန်တွေ တိုင်း
လွမ်းမြူတွေ ဆိုင်းနေဦးမှာပါပဲ လေ ... ။ "

ဂွတ်တယ် မကြီးရေ လွမ်းမြူတွေကနေ အချစ်နှင်းပွင့်လေးအဖြစ် မြန်မြန်ပြောင်းလဲနိုင်ပါစေနော်

Unknown said...

ပေးတဲ့ ဆုနဲ့ ပြည့်ပါစေ ညလေးရေ

rose said...

အိမ်လေး...ကဗျာရေးတတ်တယ်နော်။ တစ်ပုဒ်ပြီး တစ်ပုဒ် ဘယ်လို ခံစားချက်တွေနဲ့များ ရေးလဲ သိချင်လိုက်တာ ပိာ :) အားပေးနေပါ့မယ်။

Unknown said...

ရုန်းမရအောင် ချစ်ဖို့ကို
အချစ်က ငါ့ကို စီရင်ချက်ချခဲ့တာပါ လို့ဆိုလိုက်ရင်
ပိုပြီးလေးနက် ထိရှသွားမလေလား ....

အင်မတန် ချစ်တတ်တဲ့ နှလုံးသားတစ်စုံကို
ဒီကဗျာလေးက လှစ်ဟပြသွားတာတော့ အမှန်ပါ

ချစ်အိမ်ငယ် said...

အိမ်ငယ် ဆိုလိုချင်တဲ့ သဘောတရားက ဘယ်သူမပြုမိမိမှု ဆိုသလို ကိုယ်ကိုယ်တိုင်က လိုလိုလား
ခံစားနေတာ .. ကို ပြောချင်တာ

ကိုမန ပြောတာလည်း ကောင်းပါတယ် ။

မိုးစက်ငယ် said...

ရင်ထဲက ဆန္ဒတစ်စုံတစ်ရာအတွက်
နှုတ်ဖျားက တကြိမ်တခါတောင်
ငါပြောမထွက်ခဲ့ဘူး ......

မိန်းကလေးတွေ အဖြစ်က ဒီလိုပါပဲ ချစ်မရယ် ...

ရင့်ကျက်စွာလည်း ပင့်သက်မချတတ်တော့ဘူး

ပင့်သက်မချရတဲ့ ဘ၀ကို ချစ်မ ရပါစေနော် ...

ချစ်သူရေ
မင်းနဲ့ ပတ်သက်ရင် မင်းငါ့အပေါ်ထားတဲ့
မာနလေးလည်းပဲ
ငါက မြတ်နိုးနေတတ်ခဲ့တယ်

ငါလိုလူ ရှုံးတယ်ဆိုတာ
လောကကြီးရဲ့ပျော့ကွက်လည်း မဟုတ်တော့ဘူး
ရုန်းမရအောင် ချစ်ဖို့ကို
ငါ့ကိုယ်ငါ စီရင်ချက်ချခဲ့တာပါ ။

မိတယ်ချစ်မရေ ...အရမ်းကြိုက်တယ် ဒီအပိုဒ်လေး ကို

နင့်လှည့်မကြည့်တော့လဲ ငါကြေကြေကွဲကွဲ ကျေနပ်နေတယ် ။

ရိုးသားစွာ မြတ်နိုးနေဦးမယ့် မနက်ဖန်တွေ တိုင်း
လွမ်းမြူတွေ ဆိုင်းနေဦးမှာပါပဲ လေ ... ။


လွမ်းမြူတွေဆိုင်းနေတဲ့ နေ့ရက်တွေ ကနေ ချစ်နှင်းမြူလေးတွေဆိုင်းစေတဲ့ မနက်ဖြန် တွေ ရှိလာပါစေနော် ..........

Anonymous said...

စစ် သူ့လှည့်မကြည့် ဘူးဆိုတာ သေချာလို့လား.. ခိုးကြည့်ရင်ရော ဟီး

ချစ်အိမ်ငယ် said...

@ မိုးစက်ငယ်

ညလေး ပေးတဲ့ ဆုနဲ့လည်း ပြည့်ပါစေကွယ်

@ မစု

ကြည့်ချင်သလိုကြည့်မယ် ဘာဖစ်လဲ ဟွန့်
သူ့အပူပါတာကျလို့ :P

Unknown said...

ချစ်နေတော့လည်း ဆက်ချစ်ဦးပေါ့ကွယ်။

Unknown said...

ချစ်မိရင် ချစ်တဲ့သူက အရှုံးတဲ့

ဟုတ်လား

Unknown said...

ဟုတ်တယ် ညလေး