Tuesday, September 29, 2009

လက်ကလေးများရဲ့ ရာဇ၀င်

Tuesday, September 29, 2009
အဲ့ဒီ လက်ချောင်းကလေးတွေပေါ့
ကျမ ရင်ထဲက မာန တရားကို သိမ်းဆည်းသွားတယ်

အဲ့ဒီ လက်ချောင်းကလေးတွေပေါ့
ကျမ မျှော်လင့်ခြင်းတွေကို ဆုပ်ကိုင်ထားတယ်

အဲ့ဒီ လက်ချောင်းကလေးတွေပေါ့
ကျမ ရင်ခုန်ခြင်းကို ဖန်ဆင်းသွားတယ်

အဲ့ဒီလက်ချောင်းကလေးတွေပဲပေါ့
ကျမ အတ္တတွေကို လမ်းခင်းသွားတယ်

အဲ့ဒီ လက်ချောင်းကလေးတွေပဲပေါ့
ကျမ မျက်ဝန်းကို ရွှန်းစိုစေခဲ့တယ်

အဲ့ဒီ လက်ချောင်းကလေးတွေပေါ့
ကျမ နှုတ်ခမ်းလေးတွေကို ပြုံးစေခဲ့တယ်

အဲ့ဒီ လက်ချောင်းကလေး တွေနဲ့
မြတ်နိုးခြင်းကို ပေးခဲ့တယ်

အဲ့ဒီလက်ချောင်းကလေးတွေကပဲ
ကျမ ကိုချစ်တတ်လာအောင် ပုံသွင်းခဲ့တာပါပဲ .....။

ကျမလည်း အဲ့ဒီ လက်ချောင်းလေးတွေကို
မြတ်နိုးတတ်ခဲ့တယ် .......။

12:40 am
Wed
30.9.09

5 comments:

Anonymous said...

လက်ချောင်းပဲ ပြောနေ မီးအတွက် အပြုံး ကဗျာ ရေးပေး ဟီး ရူးပါ့နော်

Unknown said...

လက်ချောင်းလေးတွေ တော်တော်လှပုံပဲ ... :P

ချစ်အိမ်ငယ် said...

လှတာပေါ့ လှလို့ရေးထားတာလေ တချို့ကတော့ မနာလို လိုက်ပြောတဲ့သူတွေ ရှိတယ် မစနူပီ
မနာလိုနေတယ် ဟီး

Unknown said...

လက်ချောင်းလေးတွေလို့ ဖတ်လိုက်ရတော့ Finger fish ဘဲမျက်စိထဲ သွားသွားမြင်ပြီး သွားရည်ယိုလာတယ်။ ဟဲဟဲ.... အဲ့ဒီ ငါးကြော်ကတော့ တော်တော်စားကောင်းတယ်။ Feel Garden မှာစားတာ။

ချစ်အိမ်ငယ် said...

လာပြန်ပီ နောက်တစ်ယောက် အစားအသောက် တွေ နဲ့ နှိုင်းနေတယ် အောင်မငီး ရင်နာတယ်နော် ဟွင်းဟွင်း
:S :P ဟင့် ဘာမှ လည်း ဆိုင်ဝူးနော် အဲ့လက်ချောင်းနဲ့