Tuesday, September 29, 2009

သူငယ်ချင်း

Tuesday, September 29, 2009
ကျမ မျက်ရည်အတွက်
သူ့လက်တစ်စုံ
နာကျင်နေအောင်
မျက်ရည်တွေ သုတ်ပေးဖူးတယ်

ကျမ ဝေဒနာအတွက်
သူ့ရင်ခွင်တစ်စုံမှာ
မှေးစက်စရာ တနေရာ ပေးခဲ့ဖူးတယ်

ကျမ မောလျမှုတွေအတွက်
သူ့ပခုံးတဖက်
မှီခိုရာ ပေးထားခဲ့ဖူးတယ်

ကျမ ရင်ထဲက ဝေဒနာ စာသားတွေ
နှစ်သိမ့်စရာ စကားတွေနဲ့
ချေဖျက်ပေးခဲ့ ဖူးတယ်

မမေ့ပါဘူး
မကြည်နူးချိန်တွေမှာ
ထူးခြားစွာ ဦးစာပေးခဲ့သူ
ဖေးကူလို့ ချွေးသိပ်စေခဲ့သေးတယ် .......... ။
ကြည်နူးချိန်တွေမှာ
တူတူ မြူးလို့ နေတတ်ခဲ့တယ် .....။

ဘယ်လိုပဲ ဝေးဝေး
အားပေးမှုတွေနဲ့ ငါ့ကိုဖေးကူခဲ့သူ
သူငယ်ချင်း ...
ငါနင့်ကို ဘယ်တော့မှ မမေ့ဘူး ။

5 . 8 . 09
wed
11:57 pm

6 comments:

Unknown said...

ဒါလေးကောင်းတယ်..
ငယ်၂တုန်းက သူငယ်ချင်းတစ်ယောက်ကို သတိရမိတယ်။

Unknown said...

သူငယ်ချင်းဆိုတဲ့ နွေးထွေးမှုလေးကို ရိုးရှင်းပြေပြစ်စွာ ပြောပြသွားတဲ့ ကဗျာလေး ...

ဆိုးတူကောင်းဖက် စိတ်တူကိုယ်တူ သူငယ်ချင်းတွေကို အမှတ်ရစေရဲ့

Unknown said...

အရင်တုန်က ရှိခဲ့ဘူးတဲ့ အရမ်းချစ်ခဲ့ဘူးတဲ့ သူငယ်ချင်းတစ်ယောက်ကို သတိရမိတယ် .... အမြဲတမ်းဒီလို သွေးစီးကြမယ်လို့ ထင်ခဲ့ဘူးပေမယ့် နောက်ဆုံးမှာတော့ ပြောင်းလဲတတ်တဲ့ သဘောကို လက်ခံလိုက်ရတယ်.

ချစ်အိမ်ငယ် said...

တော်တော်ကို စိတ်မကောင်းဖြစ်ပီး ငိုနေတဲ့ အချိန်မှာ
နေပေးပြောပေးခဲ့တဲ့ သူငယ်ချင်းတွေကို ရည်ရွယ်ပီး ရေးထားတာပါ ။ တကယ်ကို ကျေးဇူးတင်စိတ်နဲ့
ရေးလိုက်တာပါ ။

မိုးစက်ငယ် said...

ငယ်ငယ်တုန်းက ကိုယ့်အပေါ်ကောင်းခဲ့ဘူးတဲ့ လောလောဆယ်မှာ ကိုယ့်နံဘေးမှာမရှိနိုင်တဲ့ သူငယ်ချင်းလေးကို အရမ်းသတိရသွားတယ် မဆောင်းရေ အရမ်းကောင်းတဲ့ ကဗျာလေးပါ
ချစ်မက ဘာရေးရေးကောင်းနေတာပဲ ...

ယွန်းနှင်းဖြူ said...

မကြီး သူငယ်ချင်းကိုဖတ်ပီးတော့ မီး သူငယ်ချင်းတွေကိုလွမ်းဒယ် :(

ယွန်းနှင်းဖြူ