Saturday, February 23, 2008

လျှို့ဝှက်တည်နေဆဲ

Saturday, February 23, 2008
မျက်နှာလေး မြင်လိုက်ရယုံလေးနဲ့
ရင်တွေ အရမ်းခုန်
ခြေလက်ကလေးတွေတုန်
ပြောင်းလဲမှု အဟုန်က
ချစ်ခြင်းရဲ့ ကဏ္ဍတခုများလား ?

အတွေးတွေထဲ ရှင်သန်
အလွမ်းတွေပုံမှန်နဲ့
နေညိုချိန်တွေတိုင်း
မျှော်ခဲ့ရသူက
ငါတဖက်တည်းများလား ?

ကာရံခြားထား စည်းတခုက
မိန်းမသားမို့
မမြင်နိုင်တဲ့ ငါ့ရင်ထဲ
မင်းအတွက် အချစ်တွေက
လျှို့ဝှက်တည်နေဆဲ .. ။

0 comments: