Monday, February 18, 2008

မင်းအဝေးက ငါ

Monday, February 18, 2008
နင်ပျော်နေတာ
ငါ့ရဲ့အဝေးမှာ
ငါနေချင်ခဲ့တာ
မင်းရဲ့ နံဘေးနား .. ။




ငါသာငှက်ငယ်လေးဆို
ရင်မှာမဆန့်တဲ အလွမ်းတွေနဲ့
မင်းဆီ .. ပျံသန်းလာချင်ရဲ့

မင်းမချစ်တဲ့ ငါ
မင်းရင်ခွင်မှာမနားပါဘူး
မင်းရဲ့အဝေးကပဲ
မင်းကိုငေးလို့
လွမ်းတေးလေးတွေ
ရေးနေမှာပါ ဟာ ... ။

0 comments: