Saturday, February 23, 2008

မင်းနဲ့ငါရဲ့ခံယူချက်

Saturday, February 23, 2008
အချစ်ဆိုတာ
နီးစပ်မှုပါလို့
မင်းယူဆခဲ့ရင်
အခုဝေးနေရချိန်မှာ
မင်းမေ့သွားတာ
မင်းခံယူချက်ပါ ...




ငါ့ဘက်ကတော့
နီးစပ်မှုကို အခြေပြုပြီး
ချစ်ခဲ့တာမဟုတ်တော့
တနေရာစီ
ဝေးနေကြပေမဲ့လည်း
တနေ့မှမေ့မရခဲ့တာ
ငါ့ခံစားချက်ပါ .. ။

0 comments: