Sunday, February 17, 2008

မမုန်းနဲ့နော်

Sunday, February 17, 2008
နေမထိ ထိုင်မထိ
ဖြေမချိအောင်
စိတ်လှုပ်ရှားတာ
မင်းကိုစတွေ့ကတည်းက




ကတုန်ကယင်နဲ့
ရင်ခုန်သံမြန်အောင်
ပြောင်းလဲသွားတာ
မင်းရှေ့ရောက်တဲ့အခါ

တသသနဲ့
မှတ်မှတ်ယယ
လွမ်းနေရတာ
မင်းကိုချစ်မိသွားလို့ပါ

ဗြောင်းဆန်တဲ့ရင်ခုန်သံနဲ့
တောင်းပန်မဲ့
ငါ့စကားက
မင်းမမုန်းဖို့ပါ ...

0 comments: