Saturday, February 16, 2008

တသက်စာအရှုံး

Saturday, February 16, 2008
အစိမ်းရောင်ခြယ်တဲ့
မင်းမျက်ဝန်းကို
မြင်မိကတည်းက
ငါဟာ .. ကျန်ရစ်ခဲ့သူပါ ။

တယောက်တည်းအားငယ်
ရင်ထဲမှာလည်းကြေကွဲ
မျက်ရည်ဝဲခဲ့တယ်

ငါ့မာနကိုလည်း မင်းယူ
ငါ့နှလုံးသားကိုလည်း ထိုးမွ
ဒဏ်ရာများစွာနဲ့ပေါ့

ဒါပေမဲ့
အမှတ်မရှိသူ ငါလိုလူ
ထပ်ခါ ထပ်ခါ
တောင်းတမိတာ
မင်းမျက်ဝန်းနဲ့ ဆုံဆည်းဖို့ရာ .. ။




ရေးပါ။

0 comments: