Wednesday, February 24, 2010

အလွမ်းည

Wednesday, February 24, 2010
ကြွေဆင်းနေတဲ့ နှင်းစက်ကလေးတွေက
အလွမ်းတွေကို ဖန်ပေးနေပါလား ?

ကြယ်လေးတွေလည်း မငေးဖြစ်ပါဘူး
ရင်ထဲက အငွေ့အသက်တွေကို
သူလည်း လှည်းကျင်းမပေးနိုင်ဘူး

ချစ်သူ
ငါ့စိတ်ကူးတွေက နင့်အပြုံးတွေကြောင့်
တနေ့တခြား ထူးခြားလာတယ်
ငါဘာလို့ နင့်ကို အရူးအမူး ချစ်ခဲ့ရတာလဲ ?

အတွေးတွေ နဲ့ ဖြတ်ခဲ့တဲ့ည
အနွေးဓာတ်က မလုံလောက်ခဲ့ပါဘူး
ပြန်တွေး .. ပြန်ဆွေး
ခပ်ရေးရေးတောင် မမေ့အားဘူး

မိုးလင်းဖို့ ကြာလှပေါ့
အလွမ်းတွေ နဲ့ ဆော့ရတာ ငါမောနေပြီ

ငါ့စိတ်တွေက ဒယီးဒယိုင်
နင့်ကြောင့် ခြေမခိုင်တော့ဘူး
နင် မမြင်နိုင်တော့ဘူးလား

ငါ့မျက်ဝန်းတွေ တူးဖော်ဖို့မလိုပါဘူး
ငါ့အပြုံးတွေ က နင့်ကို အရှုံးပေးပြီးသား
ငါ့နှလုံးသားကို နင်တကူးတက ဖတ်စရာမလိုပါဘူး
ငါ့ချစ်စိတ်က နင့်အရိပ်မှာ အိပ်စက်ချင်တာ
နင်သိပြီးသားပါ .. ။

ကမ်းလင့်နေတာ သိရက်နဲ့
နင်ဘာကြောင့် မလှမ်းဝံ့တာလဲ
ဒီအတွေး ဂယက် နဲ့
ငါ ညဥ့်နက်ခဲ့ရတယ်

ငါ့အလွမ်းညတွေ နင့်လက်ကလေး နဲ့
လာဝှက်ပေးပါလား
ငါ့အိပ်မက်ကို နင့်အပြုံးလေးတွေနဲ့
ဖန်ဆင်းပေးပါလား

ငါကံကြမ္မာကို တိုးလျှိုး တောင်းဆိုမိတယ်
ငါ့မျက်ဝန်းကို ငါမငဲ့နိုင်ပုံများ
အလွမ်းဆူးတွေက မျက်ရည်လူးသွားတာပဲ

ဒီလိုနဲ့ ငါ့အိပ်မက်တွေ ပျက်သုန်းခဲ့ရပေါ့ ချစ်သူ

2 :00 am
17.1.10
( Sunday)

6 comments:

Unknown said...

မဆောင်းရေ..


ငိုသွားတယ်နော်...

ချစ်အိမ်ငယ် said...

တူတူငိုမယ်

Unknown said...

ငိုပါနဲ့ အမကြီးတို့၂ယောက်ရယ်။။။
ငိုရင်မလှပဲ နေအုံးမယ်နော်။။

Unknown said...

ငိုလည်းလှပါတယ် ညလေးရယ်

Unknown said...

ညလေးလည်း မဆောင်းနဲ့ထပ်တူ ခံစားရမိပါတယ်

ငိုတော့ဘူးနော် မျက်လုံးတွေစပ်နေပြီ..ဟီးးးးးးးး

ချစ်အိမ်ငယ် said...

နာ့ မျက်လုံးတွေကျတော့ ဘာလို့ မစပ်လဲ မသိဝူး :(