Wednesday, February 24, 2010

အမှတ်တရ ဗျာပါဒ

Wednesday, February 24, 2010
သခင်လာဖူး ၊ ကြည်နူးခိုက်တံ့
ရင်မဆန့်ဘူး

သခင်ပြုံးခိုက် ၊ ရင်လှိုက်သက်မော
ပျော်ဝင်မျောခဲ့

သခင့်စကား ၊ ထားဝှက်မြတ်နိုး
တိတ်တခိုးပဲ

သခင်ပြန်သွား ၊ ကွက်လပ်များစွာ
ရင်ကြားမှာပွေ့

နုမြစ်ထုံသင်း ၊ ဒီအဆင်းပန်း
အလွမ်းနဲ့နွမ်း

လွမ်းဆွေးပုံရိပ် ၊ အအိပ်ခက်တယ်
အိပ်မက်ပျောက်တဲ့ လွမ်းညဆိုး ........ ။

7:00 pm
6.12.09
(Sunday)

5 comments:

Unknown said...

ကြည်နူးစရာ..

ပျော်ရွှင်စရာ..

ဗျာပါဒများလည်း...


ရေးပေးနော်...

ချစ်အိမ်ငယ် said...

မရှိတာကို ဘယ်လို ရေးရမတုန်း

Unknown said...

ဒီလောက်ချစ်တတ်တဲ့ မမကို ဘယ်သူက စိတ်ညစ်အောင်လုပ်တာလဲ...

ချစ်အိမ်ငယ် said...

ဟင့် သူလုပ်တယ် သူ .. သူ ... သူ :P

Harry said...

အခုမှ ဖတ်မိတယ် ...
အရမ်းကောင်းတယ် လွမ်းရေ