Wednesday, February 24, 2010

ရင်ဝှက်ပန်း

Wednesday, February 24, 2010
မှန်းမျှော်စိတ်ကူး
အလွမ်းထူး
ဆုံဖူး နေ့ရက်များ ။

ဝေးခဲ့နေ့စွဲ
ဆွေးနေမြဲ
ရင်ထဲ မမေ့အား ။

ထပ်ဆုံနိုင်နိုး
ကိုယ်မျှော်ကိုး
လက်ချိုး ရေလျက်သား ။

သူမသိဘူး
ဒီစိတ်ရူး
ချစ်ဖူး ခဲ့သည်များ ။

ဝေးမနေချင်
သူ့ရင်ခွင်
ခိုဝင် ပိုင်ချင်သား ။

ရိုကျိုး မြတ်နိုး
တိတ်တခိုး
ချစ်နိုး ကိုယ်စောင့်စား ။

10 : 30 pm
6.12.09
( Sunday )

4 comments:

Unknown said...

ကဗျာလေးထဲက..အတိုင်း...


ရင်ဝှက်ပန်း..မလုပ်နဲ့နော်..း)

ချစ်အိမ်ငယ် said...

ဘယ်လိုလုပ်ရမတုန်း ဒါဆို :)

Unknown said...

ရင်ထဲမှာ သိမ်းထားရင်...

ပိုခံစားရတယ်..(ရင်ထဲမှာဝှက်ထားတဲ့ ပန်းကိုသူဘယ်လိုမြင်မလဲ..:D)

ချစ်အိမ်ငယ် said...

မမြင်လည်း နေပါစေတော့ :D ညလေးရယ်
ညလေးတို့ မြင်တယ် မဟုတ်လား :D ( ပြောရင်းနဲ့ ပေါလာပီ ) ပိုခံစားရမှာ ဆိုးလို့ မသိမ်းထားဝူး ဆိုလည်း လွှတ်မှ မပစ်ရက် တာ :D