Sunday, October 12, 2008

တွယ်တာမိခဲ့သူ ... ရင်ထဲ

Sunday, October 12, 2008 8
ခုဆို ...မင်း
တခြားရင်ခွင်ထဲမှာလား
မတွေးရဲပါဘူး ...
မျက်ရည်တွေ တသွင်သွင် စီးလို့ ...


အလွမ်းတွေနဲ့ ...... နေ့
အလွမ်းတွေနဲ့ .......... ည
ပြောင်းလဲ မသွားခဲ့တာ
မင်းရဲ့ အဝေးက ... ငါ .... ဆိုတာ

ညီမလေး တယောက်ထက်
မပိုခဲ့တဲ့ မင်း .. မျက်ဝန်း
သူငယ်ချင်း တယောက်ထက်
မပိုခဲ့တဲ့ မင်း .. နှလုံးသား

လောကကြီးက ငါ့ကို
ဒဏ်ခတ်ခဲ့တာလား... ?

တခါခါ မင်းက ငါ့အနီးဆုံးမှာ
မင်းနှလုံးသာက ငါ့ရဲ့ အဝေးဆုံးမှာ
ကြေကွဲခဲ့ရတဲ့ ..ငါ့ရင်ထဲ
လှမ်းလို့ ကြည့်လှည့်ပါကွယ် ... ။

ဒါလေးတော့ .. သိပေးပါ

ငါ့ကို မေ့ချင်မေ့ထားပါ
ငါ့ခံစားချက်ကို မေ့ချင်မေ့ထားပါ
ငါပြောသမျှ စကားလေးတွေ
မေ့ချင် မေ့ထားပါ ..
ငါ့အကြိုက်လေးတွေ
မေ့ချင်မေ့ထားပါ ...
ငါနဲ့ပတ်သက်သမျှ အားလုံး
နင်လျစ်လျူရှု ထားနိုင်ခဲ့ရင်တောင်
ငါ.. အရမ်းချစ်နေတာလေး တော့
သတိရပေးပါ .. ချစ်သူရာ .. !

အဖြူရောင်အတ္တ

မင်းနှုတ်က ထွက်ကျလာတဲ့
စကားလုံးတိုင်း ..
ငါတယောက်တည်းပဲ . ကြားချင်တယ်
မင်းလှမ်းတဲ့ခြေလှမ်းတိုင်း
ငါ့ဆီပဲ ဦးတည်နေစေချင်တယ်
မင်းအသက်ရှုသံတိုင်း
ငါတယောက်တည်း ပိုင်ဆိုင်ထားချင်တယ်
မင်းပြုံးလိုက်တဲ့ အပြုံးတိုင်း
ငါ့အတွက်ချည်းပဲ ဖြစ်စေချင်တယ်
မင်းရဲ့ဂရုစိုက်မှုတိုင်း
ငါတယောက်တည်းပဲ ရချင်တယ်
မင်းတဘ၀လုံး ငါ့အချစ်တွေနဲ့
လွှမ်းမိုးထားချင်တယ်
အရုပ်ကလေးလို ပုံသွင်းချင်တာ
မဟုတ်ရပါဘူး
မင်းကိုဘယ်သူမှ မမြင်အောင်
ငါ့ရင်ခွင်ထဲမှာ
သိမ်းထားချင်ခဲ့တာပါ ..
ဒါတွေဟာ အတ္တတွေပါဆိုရင်လည်း
အဖြူရောင်လေးပါပဲ ... ။

နိဒါန်းလည်းမင်း .. နိဂုံးလည်းမင်း

ဘယ်သူတွေငါ့ရင်ထဲမှာ
နေရာဦးထားခဲ့တယ်ပဲပြောပြော
မင်းက ငါ့ဘ၀ရဲ့ နိဒါန်းပါ
ဘယ်အရာတွေ
ဘယ်လောက် လွှမ်းမိုးထားပါစေ
မင်းကိုချစ်တဲ့အချစ် နဲ့ ငါ့ဘ၀က
ပြည့်ဝနေသူပါ
လေပြေလေးတွေထဲကမှ
မင်းအသက်ရှုသံလေး ရွေးလို့ ခံစား
ငါအသက်ရှင်နေသူပါ
နောက်ထပ်ဘယ်သူမှ ၀င်လာခွင့်မရှိအောင်
ငါ့နှလုံးသားကို သော့ခတ်သွားခဲ့သူ
မင်းကဘ၀ရဲ့ နောက်ဆုံးလူ
ငါ့အချစ်တွေကို နိဂုံးချုပ်ခဲ့သူပါ ကွယ် ...

တိတ်တခိုးလေး မြတ်နိုးနေသူပါ

မြင်မြင်ခြင်း ရင်ခုန်ခဲ့မိတာလည်း
ကျမဘက်ကပါ... ကို


ထွက်ကျလာတဲ့စကားလုံးတိုင်း
ရင်မှာသိမ်းဆည်းထားတတ်ခဲ့တာလည်း
ကျမပါပဲ ..ကို

အပြုံးလေးတွေတိုင်း လစ်ဟာမသွားအောင်
စွဲငြိနေခဲ့တာလည်း
ကျမတယောက်တည်းပါ .. ကို

ခိုးကြည့်ဖို့မဝံ့မရဲ
ပုံရိပ်လေးတွေ နဲ့ပဲ
ရောင့်ရဲတတ်ခဲ့တာလည်း
ကျမပါပဲ .. ကို

ပျော်နေဖို့ပေးဆပ်
အပြုံးလေးတွေ အတွက်ကျေနပ်လို့
ဖွင့်ဟခွင့်ရသည်ဖြစ်စေ .. မရသည်ဖြစ်စေ
ထာဝရမြတ်နိးနေမှာလဲ ကျမပါပဲ .. ကို

မတူညီခြင်း

မတူဘူးလေ
ငါကချစ်နေတဲ့သူ
မင်းက အချစ်ခံရတဲ့သူ
ငါ့ရင်ခွင်က အပူ
မင်းဘယ်မှုမလဲ


ခြားနားပါတယ်
ငါကပေးဆပ်နေသူ
နင်ကရယူနေသူ
ငါ့ရင်ထဲက ဝေဒနာ
မင်ဘယ်းဆာနာတတ်မလဲ

မတူဘူးလေ
ငါကဖြည့်ဆည်းပေးသူ
နင်က ပြည့်ဝနေသူ
ငါ့ရင်ထဲက ကွက်လပ်တွေ
မင်းဘယ်မြင်တတ်မလဲ
ချစ်သူရယ် ....

ဟိုက်ကူကဗျာ

နေ့တိုင်းတောင်းဆုခြွေ
လွမ်းတဲ့ညများလွန်ပါစေ
မပြည့်သေးဘူးလေ

ဟိုက်ကူကဗျာ

မျက်ရည်မိုးမစဲ
ရွာလို့နေခဲ့ တသဲသဲ
ဝေးခဲ့ဒီရင်ထဲ

ဟိုက်ကူကဗျာ

ညှိုးနွမ်းရင်ခွင်ထဲ
ထပ်တိုးခဲ့ အလွမ်းတွေလဲ
နင်မှမသိပဲ

ဟိုက်ကူကဗျာ

ချစ်တယ်ချစ်သူရယ်
မသိချင်ယောင်ဆောင်နေလဲ
ချစ်နေမှာပါပဲ