Sunday, October 12, 2008

တိတ်တခိုးလေး မြတ်နိုးနေသူပါ

Sunday, October 12, 2008
မြင်မြင်ခြင်း ရင်ခုန်ခဲ့မိတာလည်း
ကျမဘက်ကပါ... ကို


ထွက်ကျလာတဲ့စကားလုံးတိုင်း
ရင်မှာသိမ်းဆည်းထားတတ်ခဲ့တာလည်း
ကျမပါပဲ ..ကို

အပြုံးလေးတွေတိုင်း လစ်ဟာမသွားအောင်
စွဲငြိနေခဲ့တာလည်း
ကျမတယောက်တည်းပါ .. ကို

ခိုးကြည့်ဖို့မဝံ့မရဲ
ပုံရိပ်လေးတွေ နဲ့ပဲ
ရောင့်ရဲတတ်ခဲ့တာလည်း
ကျမပါပဲ .. ကို

ပျော်နေဖို့ပေးဆပ်
အပြုံးလေးတွေ အတွက်ကျေနပ်လို့
ဖွင့်ဟခွင့်ရသည်ဖြစ်စေ .. မရသည်ဖြစ်စေ
ထာဝရမြတ်နိးနေမှာလဲ ကျမပါပဲ .. ကို

1 comments:

Unknown said...

အရမ်းကြိုက်တယ် အစ်မရဲ့ကဗျာလေးကို ဆက်လက်အားပေးနေအုံးမယ်နော် အစ်မ