Sunday, October 12, 2008

တွယ်တာမိခဲ့သူ ... ရင်ထဲ

Sunday, October 12, 2008
ခုဆို ...မင်း
တခြားရင်ခွင်ထဲမှာလား
မတွေးရဲပါဘူး ...
မျက်ရည်တွေ တသွင်သွင် စီးလို့ ...


အလွမ်းတွေနဲ့ ...... နေ့
အလွမ်းတွေနဲ့ .......... ည
ပြောင်းလဲ မသွားခဲ့တာ
မင်းရဲ့ အဝေးက ... ငါ .... ဆိုတာ

ညီမလေး တယောက်ထက်
မပိုခဲ့တဲ့ မင်း .. မျက်ဝန်း
သူငယ်ချင်း တယောက်ထက်
မပိုခဲ့တဲ့ မင်း .. နှလုံးသား

လောကကြီးက ငါ့ကို
ဒဏ်ခတ်ခဲ့တာလား... ?

တခါခါ မင်းက ငါ့အနီးဆုံးမှာ
မင်းနှလုံးသာက ငါ့ရဲ့ အဝေးဆုံးမှာ
ကြေကွဲခဲ့ရတဲ့ ..ငါ့ရင်ထဲ
လှမ်းလို့ ကြည့်လှည့်ပါကွယ် ... ။

8 comments:

Anonymous said...

ကိုယ့်အစ်မမို့ ပြောတာမဟုတ်ဘူး မကြီးကဗျာတွေအားလုံးက တကယ့် professional တစ်ယောက်လိုပဲ

Anonymous said...

ဇတ်လမ်းတွေ သိနေတယ်နော် ဟင်းဟင်း
ဒီလောင်းရိပ်ကနေ မြန်မြန်ထွက်တော့
မထွက်ရင် မြေကော်တဲ့ ကားနဲ့ကို လာကော်ထုတ်မှာ :P

www.crystalrays.org said...

ခုဆို ...မင်း
တခြားရင်ခွင်ထဲမှာလား
မတွေးရဲပါဘူး ...
မျက်ရည်တွေ တသွင်သွင် စီးလို့ ...

မရည်ရါယ်ပါဘူးကွယ်
ငါမှာလဲချစ်သူတွေများတော့
ရင်ခွင်တွေခဏခဏ သွားနေရတာ
နားလည်ပေးပါကွယ်

---
စကိုင်းနက်
http://crystalrays.org

lovelessguiter said...

ကဗျာလေးကောင်းတယ်ဗျာ..
ခုဆို ...မင်း
တခြားရင်ခွင်ထဲမှာလား
မတွေးရဲပါဘူး ...
မျက်ရည်တွေ တသွင်သွင် စီးလို့ ...

မင်းချစ်သူ said...

အင်း.. ကိုယ်စိတ်မကောင်းဘူးကွယ်..
မေ့....ကို ပစ်ပယ်သလိုဖြစ်ခဲ့တာကို...
အဲဒါကလဲ ကိုယ်အမှား မဟုတ်ပါဘူးမေ...
မေ့ အတွက် ရည်ရွယ်ရင်း အလုပ်တွေ ဖိလုပ်နေမိလို့ ပါ...

lapyae said...

မင်းနှုတ်က ထွက်ကျလာတဲ့
စကားလုံးတိုင်း ..
ငါတယောက်တည်းပဲ . ကြားချင်တယ်
မင်းလှမ်းတဲ့ခြေလှမ်းတိုင်း
ငါ့ဆီပဲ ဦးတည်နေစေချင်တယ်
မင်းအသက်ရှုသံတိုင်း
ငါတယောက်တည်း ပိုင်ဆိုင်ထားချင်တယ်
မင်းပြုံးလိုက်တဲ့ အပြုံးတိုင်း
ငါ့အတွက်ချည်းပဲ ဖြစ်စေချင်တယ် ..........စသဖြင့်..စသဖြင့်.....

ဒါတော့မဖြစ်နိုင်ဘူး ချစ်အိမ်ငယ်ရေ...
ယောက်ကျားလေးတွေဆိုတာ
သူတို့ရဲ့အချစ်တွေကို ကောင်မလေးချောချောလေးတွေ အကုန်လုံး
အပေါ်ကို ဖြန့်ကြဲထားတတ်ကြတယ်....ဒီတော့ ချစ်အိမ်ငယ်ရေ
ချစ်ချင်တယ်ဆိုရင်တော့ အတ္တ တွေနည်းနည်းလျှော့ပေးပေါ့
ဟုတ်ပြီလား..ဟီးးဟီးးး

Blade said...

Too short..but amazing

သွင်မောင် said...

ရင်ခွင်တစ်ခု
အစပြုလို့
တိုးလို့ရစ်ချည်
တွယ်တာနှေင်ဖွဲ့
ရုန်းထွက်ဖို့လည်း
ခက်လှပြီ။

နေ့နေ့ ညည
တမ်းတစိတ်ကြောင့်
လွမ်းပြီးရင်းလွမ်း
ချစ်ပြီးရင်းချစ်
မုန်းမေ့ဖို့လည်း
ခက်လှပြီ။

ကြင်နာနှောင်ဖွဲ့
သံယောဇဉ်
လွန်းတင်သည့်ကြိုး
မြင်နိုင်ရန်ခက်
ဖြတ်တောက်ဖို့လည်း
ခက်လှပြီ။ ။