Sunday, October 12, 2008

အဖြူရောင်အတ္တ

Sunday, October 12, 2008
မင်းနှုတ်က ထွက်ကျလာတဲ့
စကားလုံးတိုင်း ..
ငါတယောက်တည်းပဲ . ကြားချင်တယ်
မင်းလှမ်းတဲ့ခြေလှမ်းတိုင်း
ငါ့ဆီပဲ ဦးတည်နေစေချင်တယ်
မင်းအသက်ရှုသံတိုင်း
ငါတယောက်တည်း ပိုင်ဆိုင်ထားချင်တယ်
မင်းပြုံးလိုက်တဲ့ အပြုံးတိုင်း
ငါ့အတွက်ချည်းပဲ ဖြစ်စေချင်တယ်
မင်းရဲ့ဂရုစိုက်မှုတိုင်း
ငါတယောက်တည်းပဲ ရချင်တယ်
မင်းတဘ၀လုံး ငါ့အချစ်တွေနဲ့
လွှမ်းမိုးထားချင်တယ်
အရုပ်ကလေးလို ပုံသွင်းချင်တာ
မဟုတ်ရပါဘူး
မင်းကိုဘယ်သူမှ မမြင်အောင်
ငါ့ရင်ခွင်ထဲမှာ
သိမ်းထားချင်ခဲ့တာပါ ..
ဒါတွေဟာ အတ္တတွေပါဆိုရင်လည်း
အဖြူရောင်လေးပါပဲ ... ။

2 comments:

Unknown said...

မိဆောင်းရယ် ငါဒါလေးကို ဖတ်ရတာ ငါ့ဘ၀နဲ့သွားတူနေတယ်။

Anonymous said...

ချစ်သူကို အဲ့လိုထားချင်တာ သဘာဝကျပါတယ် ချာမ
ဒီကဗျာလေးလည်း မိုက်တာပဲ အကုန်မိုက်ပါတယ်
ဆက်ရေးနော် ချာမ အားပေးနေမယ် :P