Thursday, August 28, 2008

ဟိုက်ကူကဗျာလေးပါ

Thursday, August 28, 2008 4
ကောင်းကင်ထက်ကကြယ်
ရင်ထဲထိ ဆင်းသက်လို့ရယ်
နီးဖို့တော့ ခက်တယ်

မင်းနှလုံးသားထဲဝင်ခဲ့ပါရစေ

မင်းရင်မခုန်တတ်သေးဘူဆိုရင်
အိပ်မောကျနေတဲ့ မင်းနှလုံးသားလေးကို
ငါ့မျက်ဝန်းနဲ့ လှုပ်နိုးပါရစေ


နိုးထလာမဲ့ရင်ခုန်သံတွေ
ငါ့အချစ်နဲ့ ဆောက်တည်ပေးလို့
မင်းဘေးက လိုသမျှ ဖြည့်ဆည်းပေးပါရစေ

ငါတို့နှလုံးသား နှစ်ခု ထပ်တဲူပြု
ခံစားချက်တွေပုံတူထုလို့
ခွင့်ပြုမယ်ဆို .. မင်းရဲ့ဘ၀ထဲ
ထာဝရ ခိုတွယ်နေချင်ပါတယ် .

နဲနဲလေးဖြစ်ဖြစ်

မင်းရင်ထဲမှာ
ငါ့အတွက် တနေရာ
ရှာဖွေမိလေရဲ့
ဘာကြောင့်များလဲ
ငါ့ရင်ထဲက နေရာတိုင်းမှာ
မင်းရှိနေလေရဲ့
ဘာကြောင့်များလဲ
တကယ်လို့များ
မင်းရင်ခွင်ဟာ
မင်းချစ်သူနဲ့ပြည့်နေပြီဆိုရင်လည်း
မင်းနှလုံးသားကို
မက်မောတမ်းတ
လိုချင်သူငါ့အား
တစိတ်တပိုင်းလေးပဲ ဖြစ်ဖြစ်
ပေးသနားလှည့်ပါ ..

လွမ်းတေးကဗျာ

ချစ်သူကို
ငိုလို့လွမ်း
နွမ်းတဲ့စိတ်
ကြိတ်၍ပို
ဆိုခဲ့တေး
ရေးကဗျာ
လာလို့ဖတ်လှည့်ပါ

ဝေဒနာပေးသူ

ငါ့နှလုံးသားထဲ
ဝင်လာတုန်းကတော့
ရိုရိုကြိုးကြိုး
တိတ်တခိုးလေးပါ
ပြန်ထွက်သွားတော့
ဒဏ်ရာဗလပွနဲ့
ဝေဒနာပုံရိပ်များစွာ
ထင်ကျန်ရစ်စေခဲ့တာ
မင်းတရားလား
ချစ်သူရာ

သူလာချိန်လေး

မျှော်တတ်ခဲ့ပြီ
နေမ၀င်မီ တွေ့လိမ့်နိုး
မျှော်ကိုးကာပေါ့


မျက်နှာချို
အိပ်မက်ကို အလှတိုး
မနိုးချင်တောပါ့ဘူး
ကြည်နူးလှပေါ့

ပြုံးလျက်သာနေပါ

ကဗျာသီ
ဝေဒနာ စီလို့ကုံး
မေပြုံးဖို့လေး ။


လျစ်လျူရှုပါမေ
ဒီဝေဒနာတွေ မောင်သာတွေး
မေးလေး ပျော်ရေး ။

Saturday, August 2, 2008

ပျော်ဝင်ခဲ့မိ သူ့အကြည့်

Saturday, August 2, 2008 0
ချစ်လို့ထင်
မြင်လိုက်တိုင်း
နှိုင်းရခက်
သက်ရင်ထဲ
ဝဲဂယက်
ှယှက်လျက်ပင်
ထင်ကျန်ရစ်
ချစ်မျက်ဝန်း
ရွှန်းစိုလွန်း
မွန်းနစ်ခဲ့ပြီလား

ဟိုက်ကူကဗျာလေးပါ

နှင်းရွှဲတဲ့ မျက်ဝန်း
ဆုံတွေ့လိုက်တိုင်း ရင်ခုန်လွန်း
ဆောင်းရယ် ကုန်မြန်လွန်း

အမှတ်တယမိုး

ကောင်းကင်ငို ၊ တိမ်တွေပြို
ညှိုးခဲ့မိုး ၊ တကယ်ဆိုး
ရွာလို့သဲ ၊ မစဲဘဲ
ငါ့ရင်ဝယ် ၊ လွမ်းဆွေးဖွယ်
ဟိုချိန်ခါ ၊ မိုးထဲမှာ
နှစ်ကိုယ်တည်း ၊ လက်တွေတွဲ
ထီးမပါ ၊ ပျော်လို့သာ
မိုးစက်ကြား ၊ လျှောက်လို့သွား
ခုတော့များ ၊ နင်ဘယ်မှာလဲကွာ ။

ချစ်သ၀ဏ်လွှာ

နူးညံ့ရုပ်သွင် ၊ စွဲမှတ်ထင်လို့
ဘ၀င်အသဲ ၊ နင်ပဲစိုးခဲ့
ပြုံးတဲ့နှုတ်ချို ၊ လှိုက်ဖိုရင်မှာ
ရောက်လာတတ်မြဲ ၊ အိပ်မက်ထဲဝယ်
နင်ပဲစိုးခဲ့ ၊ ညှို့တဲ့မျက်ဝန်း
ရင်မှာထွန်းပ ၊ ရွှန်းတဲ့လလို
အလှပိုသူ ၊ ငါ့ကိုရူးစေ
ထူးနေစမြဲ ၊ မျှော်လဲပဲငါ
ချော်လွဲသွားမှာ ၊ စိုးရိမ်လာသူ
ကာရံမဲ့လွမ်း ၊ ရင်၌ကျွမ်းခဲ့
စွမ်းခဲ့လေသူ ၊ ချစ်စိတ်မူကား
သူသာငါ့ရဲ့မြတ်နိုးရာ ။

ပုန်းရှောင်သူ

နှုတ်လည်းမဆက် ၊ ရုတ်တရက်ပဲ
ထားလျက်ထွက်ခွါ ၊ တိုးတိတ်စွာပဲ
ရင်မှာပြန်ကြား ၊ ချစ်စကားများ
မင်းနားမခွါ ၊ တသက်တာတဲ့
လွမ်းနာကျလို့ စွဲလန်းဆဲ


လွမ်းတဲ့လမ်းမှာ ၊ သူ့ခြေရာကောက်
လိုက်လျှောက်သော်ငြား ၊ လမ်းများမှားလား
ေ၀၀ါးစိတ်က ၊ တသသနှင့်
လမ်းပြကြယ်လည်း ၊ ဘယ်ဆီဝဲလည်
ရှောင်ဖယ်နေလို့ လမ်းပျောက်ဆဲ

သစ္စာရှိသူ ၊ သတိမူကား
လွမ်းသူ့ရင်မှာ ၊ ချစ်မေတ္တာရယ်
မပျယ်ခဲ့တာ ၊ သူသိပါက
ပြန်လာမည်လား ၊ အိပ်မက်ကြားမှာ
ေ၀၀ါးစွာပဲ မျှော်လင့်ဆဲ ။