Saturday, August 2, 2008

ပုန်းရှောင်သူ

Saturday, August 2, 2008
နှုတ်လည်းမဆက် ၊ ရုတ်တရက်ပဲ
ထားလျက်ထွက်ခွါ ၊ တိုးတိတ်စွာပဲ
ရင်မှာပြန်ကြား ၊ ချစ်စကားများ
မင်းနားမခွါ ၊ တသက်တာတဲ့
လွမ်းနာကျလို့ စွဲလန်းဆဲ


လွမ်းတဲ့လမ်းမှာ ၊ သူ့ခြေရာကောက်
လိုက်လျှောက်သော်ငြား ၊ လမ်းများမှားလား
ေ၀၀ါးစိတ်က ၊ တသသနှင့်
လမ်းပြကြယ်လည်း ၊ ဘယ်ဆီဝဲလည်
ရှောင်ဖယ်နေလို့ လမ်းပျောက်ဆဲ

သစ္စာရှိသူ ၊ သတိမူကား
လွမ်းသူ့ရင်မှာ ၊ ချစ်မေတ္တာရယ်
မပျယ်ခဲ့တာ ၊ သူသိပါက
ပြန်လာမည်လား ၊ အိပ်မက်ကြားမှာ
ေ၀၀ါးစွာပဲ မျှော်လင့်ဆဲ ။

0 comments: