Thursday, August 28, 2008

နဲနဲလေးဖြစ်ဖြစ်

Thursday, August 28, 2008
မင်းရင်ထဲမှာ
ငါ့အတွက် တနေရာ
ရှာဖွေမိလေရဲ့
ဘာကြောင့်များလဲ
ငါ့ရင်ထဲက နေရာတိုင်းမှာ
မင်းရှိနေလေရဲ့
ဘာကြောင့်များလဲ
တကယ်လို့များ
မင်းရင်ခွင်ဟာ
မင်းချစ်သူနဲ့ပြည့်နေပြီဆိုရင်လည်း
မင်းနှလုံးသားကို
မက်မောတမ်းတ
လိုချင်သူငါ့အား
တစိတ်တပိုင်းလေးပဲ ဖြစ်ဖြစ်
ပေးသနားလှည့်ပါ ..

1 comments:

Anonymous said...

ကဗျာလေးက အရမ်းကောင်းတယ်
တနားစရာ ချရာမ ပါရား ... :D
သွပ် သွပ် အဲ့လေ ကျွတ်ကျွတ် :P