Saturday, August 2, 2008

ချစ်သ၀ဏ်လွှာ

Saturday, August 2, 2008
နူးညံ့ရုပ်သွင် ၊ စွဲမှတ်ထင်လို့
ဘ၀င်အသဲ ၊ နင်ပဲစိုးခဲ့
ပြုံးတဲ့နှုတ်ချို ၊ လှိုက်ဖိုရင်မှာ
ရောက်လာတတ်မြဲ ၊ အိပ်မက်ထဲဝယ်
နင်ပဲစိုးခဲ့ ၊ ညှို့တဲ့မျက်ဝန်း
ရင်မှာထွန်းပ ၊ ရွှန်းတဲ့လလို
အလှပိုသူ ၊ ငါ့ကိုရူးစေ
ထူးနေစမြဲ ၊ မျှော်လဲပဲငါ
ချော်လွဲသွားမှာ ၊ စိုးရိမ်လာသူ
ကာရံမဲ့လွမ်း ၊ ရင်၌ကျွမ်းခဲ့
စွမ်းခဲ့လေသူ ၊ ချစ်စိတ်မူကား
သူသာငါ့ရဲ့မြတ်နိုးရာ ။

1 comments:

lapyae said...

သူငယ်ချင်းရေ..
ဒီကဗျာလေးကို အရမ်းကြိုက်တယ်ဟာ...
အခုလို ကဗျာကောင်းလေးတွေကို
များများဆက်ရေးနိုင်ပါစေနော်...