Sunday, November 9, 2008

နင့်ချစ်သူမဟုတ်တဲ့..ငါ

Sunday, November 9, 2008
ချစ်သူ ...
နင်အသက်တခါ ရှုလိုက်တိုင်း
ငါ့မျှော်လင့်ချက်တွေ တခါ
ကြွေကျခဲ့တယ် ...
ကောက်ယူတန်ဖိုး မထားတတ်ခဲ့ရင်လည်း
နင်းချေရက်စက်လို့ မသွားပါနဲ့
ငါကိုယ်တိုင် သီခဲ့ပေမဲ့
နင့်ကိုတော့ မချည်ရက်ခဲ့ဘူး ...
ဆုံလိုက်တိုင်း ခုန်ခဲ့ရတဲ့ ရင်တွေ
မဆုံတဲ့ အခါကျ မျှော်ခဲ့ရတဲ့ အချိန်တွေ
တာဝန်တရပ်ဖြစ်ခဲ့တာ
နင်နဲ့ ဆုံပြီးကတည်းကပါ ..
မဆုံနိုင်တဲ့ စက္ကန့်လေးတွေ လည်း
ငါလွမ်းတတ်ခဲ့တယ် ...
ဝန်ခံခွင့်မရခဲ့တာတောင်
ငါ့မျက်ဝန်းတွေ စည်းဖောက်ခဲ့တာ
နင့်ရှေ့ရောက်တိုင်း မဟုတ်လား
တကယ်တော့ ရှိအပ်တွေ မာယာတွေကို
နင်က အသိခက်နေတာပါ ..
မမျှော်လင့်တော့ပါဘူး ..
မင်းမျက်ဝန်းထဲက အမှန်တရား
ငါတကယ်မရှာရဲခဲ့ပေမဲ့
ဝေးသွားမှာတော့ တကယ်ဆိုးပါတယ်
မထားခဲ့ပါနဲ့လည်း တားခွင့်မရှိသူပါကွယ် ...။

2 comments:

Unknown said...

အားပေးနေပါတယ်။ဆက်ကြိုးစား

phway said...

ချစ်ဆုံး ရဲ့ ကဗျာတွေ ခုချိန်ထိ ဖတ်လို့ ကောင်းနေတုန်းပဲ ... အရမ်းသတိရတယ်.. လွန်ခဲ့တဲ့ ၆နှစ် လောက်က အချိန်တွေကို ...