Monday, November 10, 2008

မျှော်နေမိသူ ...

Monday, November 10, 2008
ချစ်ခွင့်၊ လွမ်းခွင့် ၊ ဆွေးခွင့် တွေကို ..
နင်မသိအောင် .. နင့်နောက်ကွယ်မှာ
အများကြီး ခိုးယူထားခဲ့ပေမဲ့
မင်းနှလုံးသားကို ဖဲ့ယူဖို့ကျ
ငါ့လက်တွေ တုံ့နှေးခဲ့ရတာ
ငါ့ရင်ခွင်မှာ နင်မပျော်မှာ
တခုတည်း အတွက်ပါ ..
ပေးဆပ်ခြင်းမှာ ဂုဏ်ယူလို့
ငါ့နှလုံးသားတစုံ ပျော်မြူးနေခဲ့တာ
မဟုတ်ပါဘူးကွယ် ..
ကြည်နူး .. ကြေကွဲ ဒွန်တွဲလို့
ဒီရင်အစုံ .. ကွဲမသွားယုံလေးတင်ပါပဲ
မျှော်လင့်ချက်တွေ တိုးတိတ်စွာပဲ
ငါ့နှလုံးသားထဲ ..
သိမ်းဆည်းထား ဦးမှာပဲ
နင်ပြန်ချစ် လာမဲ့ နေ့ကို
စောင့်မျှော်ရင်းပေါ့ကွယ် .... ။

2 comments:

Unknown said...

ကိုချင်းစာပါတယ်။အားပေးနေတယ်။

Anonymous said...

i luv it so much my sister i'm proud of u. really luv it.

be ok with everything my sister
luv always masu