Monday, November 10, 2008

ကဗျာမချစ်သူကို .. ငါချစ်တယ်

Monday, November 10, 2008
ငါ့ဝေဒနာ စာသားလေး တွေ
မင်းအတွက် ဟာသ မြောက်ခဲ့တယ် ဆိုရင်လည်း
မင်းအပြုံးလေးတွေ အတွက်
ငါ ကြည်နူးပါတယ်


ငါသီကုံးခဲ့ သမျှ စကားလုံး
မင်းအတွက်ချည်းသာ ..
မင်းမဖတ်ဖြစ်ခဲ့လည်း
ငါ့ကဗျာလေးတွေ ..
မွှေးနေဆဲ .. ရေးနေမြဲပါ ..

ငါ့ကဗျာ အပင်အောက်သာ
မင်းထိုင်စောင့်နေခဲ့ရင်
အချိန်တိုင်း ကြွေကျနေတဲ့
မျှော်လင့်ခြင်း သစ်ရွက်လေးတွေ
မင်းတကိုယ်လုံးတောင်
ဖုံးလွှမ်းသွားလောက်ပါရဲ့ ..

ရင်ထဲမှာ .. နွေ .. မိုး .. ဆောင်း
တလှည့်စီသာ ပြောင်းခဲ့ပေမဲ့
ဘယ်တော့မှ လဲကျမသွားမဲ့
သစ်ပုတ်ပင်တပင်
ငါ့ရင်ထဲမှာလဲ ရှိနေတယ် .. ။

7 comments:

www.crystalrays.org said...

ကဗျာမရေးတတ်ပေမယ့်ကဗျာရေးတဲ့သူတွေကိုတော့ချစ်တတ်ပါတယ်
ဟီးဟီး
ဝေဒနာစာသားလေးတွေကိုရေမှာ ချရေးပြလိုက်ချင်တယ်...

Anonymous said...

ငယ်မှာလည်း ကဗျာမချစ်တဲ့ချစ်သူရှိတယ်...မကြီးလိုပါဘဲ..သူ့အတွက်ရေးထားတဲ့ကဗျာတွေကိုငယ်ရင်ထဲမှာဘ
ဲထာဝရသိမ်းထားရတယ်..သူက ကဗျာမှမကြိုက်တာကို.....

SintSintMoe said...

မဆောင်း လာဖတ်သွားတယ် ကဗျာလေးက တစ်ကယ်
ရင်တွင်းခံစားချက်တွေကို ပြေးမြင်မိတယ်
မညာနက်........... နော်
ငါ့ကဗျာ အပင်အောက်သာ
မင်းထိုင်စောင့်နေခဲ့ရင်
အချိန်တိုင်း ကြွေကျနေတဲ့
မျှော်လင့်ခြင်း သစ်ရွက်လေးတွေ
မင်းတကိုယ်လုံးတောင်
ဖုံးလွှမ်းသွားလောက်ပါရဲ့ ..

ရင်ထဲမှာ .. နွေ .. မိုး .. ဆောင်း
တလှည့်စီသာ ပြောင်းခဲ့ပေမဲ့
ဘယ်တော့မှ လဲကျမသွားမဲ့
သစ်ပုတ်ပင်တပင်
ငါ့ရင်ထဲမှာလဲ ရှိနေတယ် .. ။

ကြိုက်တယ်

Unknown said...

လာဖတ်သွားပါတယ် မကြီးဆောင်းရေ။ ကဗျာလေးတွေကတော့ ရှယ်ဘဲ။ ကဗျာစာအုပ်ထုပ်တော့မယ်။ ညီမတို့ မူပိုင်ယူမယ်။ ဟဲဟဲ...

weenyinthit said...

မိုက်တယ်ဗျို့ .......... အထာကျတယ်..။

Anonymous said...

သည်ကဗျာလေး ကြိုက်တယ်

မင်းချစ်သူ said...

"ကဗျာမချစ်သူကို .. ငါချစ်တယ်"
မေ ကဗျာ ကို တောင် မချစ်တက်မှတော့ သူ့ရဲ့ အချစ်ဆိုတာ ကလဲ တကယ်ချစ်တက်တဲ့ အချစ်ဖြစ်ပါ့ မလား ...

ငါ့ကဗျာ အပင်အောက်သာ
မင်းထိုင်စောင့်နေခဲ့ရင်
အချိန်တိုင်း ကြွေကျနေတဲ့
မျှော်လင့်ခြင်း သစ်ရွက်လေးတွေ
မင်းတကိုယ်လုံးတောင်
ဖုံးလွှမ်းသွားလောက်ပါရဲ့ ..

ရင်ထဲမှာ .. နွေ .. မိုး .. ဆောင်း
တလှည့်စီသာ ပြောင်းခဲ့ပေမဲ့
ဘယ်တော့မှ လဲကျမသွားမဲ့
သစ်ပုတ်ပင်တပင်
ငါ့ရင်ထဲမှာလဲ ရှိနေတယ် .. ။

ဒါပေမဲ့ မေ့ ရင်ထဲ က ခံစားချက်ကို နားလည်ပါတယ်....သိပ်ချစ်တက်လို့လေ...