Sunday, November 9, 2008

ပိုင်ဆိုင်ခွင့်မရှိတော့ရင် ..........

Sunday, November 9, 2008
ငါ့ရဲကမ္ဘာငယ်လေး
ခြောက်သွေ့လွန်းပါတယ်
မင်းနဲ့ ဝေးနေတဲ့ အခါ


ငါ့အလွမ်းဒဏ်ရာတွေ
ပြင်းရှလွန်းပါတယ်
မင်းပြန်မလာတဲ့အခါ

ငါ့မျက်ဝန်းလေးတွေ
ငိုရပါတယ် ..
မင်းကျောခိုင်းနေတဲ့အခါ

ငါ့မျှော်လင့်ခြင်းတွေ
မြေမြှုခဲ့ပါတယ်
မင်းနဲ့ မင်းချစ်သူကိုတွေ့တဲ့အခါ

ငါ့ပျော်ရွှင်ခြင်းတွေ
သေဆုံးခဲ့ရတယ်
မင်းကို ငါ့ဘ၀ထဲက
ထုတ်ပယ်ဖို့ ကြိုးစားတဲ့အခါ ...

1 comments:

မင်းချစ်သူ said...

" ပိုင်ဆိုင်ခွင့် မရှိတော့ရင်တောင် "မှ အစ်ကိုဆိုရင်
သူ့ကို အစ်ကို့ ထွက်သက် အထိ ဆက်ချစ်နေမယ် လို့ တော့ ပြောဖြစ်အုံးမှာပဲ ....