Monday, November 10, 2008

ငါ့ပုံပြင်

Monday, November 10, 2008
ရှာဖွေလေ .. ပျောက်ဆုံးနေ
မျှော်လင့်လေ .. ဝေးလေ
နင့်ရဲ့ အချစ်ကို
ဘယ်သူဦးသွားခဲ့တာလဲ ကွယ် ..


နင်မမြင်အောင် ..ရွာတဲ့မိုး
မစဲပဲ ..သဲခဲ့တယ်
ကြွေဆင်းနေတဲ့ ခရေပွင့်လေးတွေ
ငုံ့မကြည့်ပဲ နင်းဖြတ်သွားသူက
နင် ...... ပါပဲကွယ်

အချစ်ဆိုတာ ..
လုယူစရာမှ မဟုတ်ဘဲ
ကွယ်ဝှက်ထားလို့လဲ
ပျောက်ပျက် မသွားပါဘူး
တောင်းဆိုလို့ ညိုငြင်မှာကို
မလိုလားခဲ့သူမို့
ငါ့မျှော်လင့်ချက်တွေ ငါမြေမြှုနေချိန်
ငါ့မျက်ရည်စက်ကလေးတွေကတော့
ငါ့ဘေးမှာ ရှိနေလေရဲ့ .....................

1 comments:

Anonymous said...

နင်မမြင်အောင် ..ရွာတဲ့မိုး
မစဲပဲ ..သဲခဲ့တယ်

ဒီစာကြောင်းလေး ကြိုက်တယ် မကြီးရေ :D