Monday, November 10, 2008

ပြန်ချစ်နိုင်ဦးမှာလား .............

Monday, November 10, 2008
တသက်တခါ
ကြည်နူးရင်ခုန်တတ်လာတာ
မင်းနှုတ်ခမ်းတစုံကြောင့်များလား ..


အမုန်းမထင်ဟပ်
ပြုံးလျက်နေတဲ့ မင်းမျက်ဝန်းမှာ
အချစ်ဆိုတာ ရှာမတွေ့ခဲ့လည်း
တဖက်သက် အချစ်တွေမှာ
ပျော်လို့နေတတ်ခဲ့တယ်

နူးညံ့သွယ်လျတဲ့ ...
လက်ချောင်းလေးတွေနဲ့
မင်းနှလုံးသားတံခါးကို လာခေါက်တဲ့အခါ
အပြုံးတပွင့် နဲ့ နိုးထခဲ့ရင်
အနမ်းထပ်ဆင့် ခြွေလင့်ခဲ့ပါမယ်

ယုံပါချစ်သူ .....
ငါ့မျက်ဝန်းတွေက
မင်းကိုပဲ မြင်တတ်ခဲ့တာ
ငါ့နှလုံးသားက မင်းအတွက်ပဲ
ရင်ခုန်တတ်ခဲ့တာပါ ..
မင်းကသာ .........
မသိသလို နေတတ်ခဲ့တာပါ

2 comments:

lapyae said...

ဒီတစ်
ခေါက်ကဗျာတွေထဲမှာ *ပြန်ချစ်ဦးမှာလား* ဆိုတဲ့ကဗျာလေးကို အကြိုက်ဆုံးပဲ...သူငယ်ချင်းဆက်ကြိုးစားပါ…

မင်းချစ်သူ said...

အမုန်းမထင်ဟပ်
ပြုံးလျက်နေတဲ့ မင်းမျက်ဝန်းမှာ
အချစ်ဆိုတာ ရှာမတွေ့ခဲ့လည်း
တဖက်သက် အချစ်တွေမှာ
ပျော်လို့နေတတ်ခဲ့တယ် ...

ဒီအတိုင်း လေးပဲ ကောင်းပါတယ်
" တဖက်သက် အချစ်လေးနဲ့ "
အချစ်ဆို တာ ပူလောင် တက်တယ် ညီမ ရေ....