Tuesday, July 21, 2009

တဖတ်သက်ချစ်ရသူ

Tuesday, July 21, 2009
ကောင်းကင်က တော့အမြဲ လင်းလက် မနေပါဘူးလေ ..

ကျမ အတ္တကြောင့်လား တော့ မသိဘူး
နေညိုရင် ငိုနေတတ်တယ်

သူ့အကြောင်း မတွေးမိအောင်
ကျမကိုယ်ကျမ သွေးဆောင် ကြည့်ပါသေးတယ်
စက္ကန့်တွေ မလပ်အောင်
တင်းကြပ်စွာ စိုးမိုးထားခဲ့သူလို့ တော့
အပြစ်မဖို့ ရက်ခဲ့ပါဘူး ...

အများအမြင် မှာတော့
လွန်ကာသွားသူလို့ ထင်နေရော့မယ် .. ။

အလွမ်းတွေ ဖိတ်စင်ကြဲနေတဲ့
ဝန်းကျင်မှာ ကျမကတော့
ခပ်နွမ်းနွမ်းပဲ ပြုံးတတ်တော့တယ် ... ။

သူ့အပြုံးလေး တပွင့်ခူး
ရင်ထဲမှာ တခါ ဆူး
ဒီလိုနဲ့ ရူးသွပ်စရာ ဥယျာဉ်ငယ်
ကျမရင်ထဲ
ကွယ်ဝှက်ထားဖူးတယ် .. ။

သ၀န်တိုစိတ်ဆိုလည်း ကြိတ်မှိတ်
ရင်တထိတ်ထိတ်နဲ့ စိုးစိတ်က
သူ့ရင်ခွင်လွှာမှာ
ဦးကာထားသူ ဘယ်သူများလဲ
ခါးသီးတဲ့ အတွေးဟာ
ရင်မှာ နွေးနေတုန်းပဲ ............ ။

သူ့မျက်ဝန်းလေးတွေရဲ့ ကကျိုးဟာ
အသက်ရှူသံတွေကို မှားယွင်းစေတဲ့
ရင်ခုန်ခြင်းမျိုးပါ ..
သူနဲ့ကျမကြား ဖြတ်သွားတဲ့
လေညှင်းလေးတွေကိုလည်းကျမ မုန်းတယ် .. ။
ကျမ လောက် သူ့ကို
ဘယ်သူ သ၀န်တိုတတ်မှာလဲ .. ။

ကျမပါးပြင်ပေါ်က မျက်ရည်စက်ကလေးတွေ
သူ့လက်ချောင်းလေး တွေနဲ့
လာသုတ်ပေးမယ် ဆိုရင်တော့
ကျမငိုချင်တယ် ... ။

ခုတော့ရင်ထဲက
တစ်စုံတစ်ရာ အချို့ကို
သူ့အပြုံးတွေ နဲ့ပဲ ကွယ်ဝှက်တတ်ခဲ့အောင်
ကြိုးစားခဲ့ပါတယ် ... ။

အဖော်ဆိုလို့ မျက်ရည်တောင် မရှိတော့ဘူး ............. ။

ကျမ အရူးအမူး ချစ်ဖူးသွားတာ
သူ့ကို ဘယ်သူ ပြောပြပေးမှာလဲ .. ?
စောင့်စည်း အပ်တဲ့ အရာတွေကြားမှာ
ကွယ်ဝှက်ကာ ထားခဲ့ရတဲ့ နှလုံးသားတစ်စုံ
သိမ်မြုပ်မသွားဘူးဆိုတာ ယုံ ...

ကျမ ဘယ်တော့မှ ပုံမပြောတတ်ပါဘူး .......... ။

12:15 ( am )
21.7.2009 ( Tue )

18 comments:

Unknown said...
This comment has been removed by the author.
Unknown said...

အော်.. တဖက်သတ် အချစ်ကတယ်ဆိုးပါတယ်နော်....
တဖက်သတ်ချစ်ချင်းမှ ကင်းဝေးပါစေလို့ ဆုတောင်းပေးပါတယ်နော် စစ်လေး...

July 21, 2009 11:33 PM

Unknown said...

ပိုးစုန်းကျူးကို ဖမ်းပြီး လက်ဖဝါးနှစ်ခုထဲ ဖိသတ်လိုက်တော့မယ်နော်။ နာ့မကြီးဘဲ ဆွေးနေရတယ်။

Anonymous said...

"စောင့်စည်း အပ်တဲ့ အရာတွေကြားမှာ
ကွယ်ဝှက်ကာ ထားခဲ့ရတဲ့ နှလုံးသားတစ်စုံ
သိမ်မြုပ်မသွားဘူးဆိုတာ ယုံ ... "
နောက်ဆုံး စာပိုဒ်လေးကို အကြိုက်ဆုံးပဲ မဆောင်းရေ

@AF
ချစ်မကြီးရေ စိတ်လျှော့ စိတ်လျှော့

Unknown said...

အင်မတန် ချစ်တတ်တဲ့ ကဗျာလေး တစ်ပုဒ်ပါ ...
သိင်္ဂါရတွေ ထိရှလွန်းလို့ ရင်မှာ အလွမ်းတွေတောင် အပြိုင်းအရိုင်း ပွင့်သွားရရဲ့

မိုးစက်ငယ် said...

တစ်ပိုဒ်ချင်း တစ်ကြောင်းချင်း ရင်ထဲရောက်တယ် ချစ်မရေ အလွမ်းတွေနဲ့ အုံမှိုင်းနေတဲ့ကောင်းကင်လဲ တစ်နေ့တော့ ပိုးစုန်းကြူးလေး လာလင်းကူညီပေးပါလိမ့်မယ်...
ကျန်းမာရေးဂရုစိုက်နော်ချစ်မ

Unknown said...

ဟယ်...
တော်လိုက်တာ...
ကောင်းကင်က တော့အမြဲ လင်းလက် မနေပါဘူးလေ .. ဆိုပါလား..
သူပြောမှပဲ သိတော့တယ် ....
:P(မခိုင်းပဲ ရေးသွားသည်။)

Unknown said...

ကောင်းကင်က တော့အမြဲ လင်းလက် မနေပါဘူးလေ .. a` d sar thar lay ko a kyite sone par ... :)

Anonymous said...

"စောင့်စည်း အပ်တဲ့ အရာတွေကြားမှာ
ကွယ်ဝှက်ကာ ထားခဲ့ရတဲ့ နှလုံးသားတစ်စုံ
သိမ်မြုပ်မသွားဘူးဆိုတာ ယုံ ... "

အဲဒါတကယ် ဟီ

ချစ်မ ဘယ်သူလဲသိလား :P

certain condition cube said...

လွမ်းပုံလွမ်းနည်းတွေ တိုးတက်လာတယ်။ အလွမ်ဆရာမကြီးရေ။ ကဗျာက နုလွန်းတယ်ဗျာ ----

ပိုက်ပိုက်စုပြီးရင် ပေါင်းချုပ်ထုတ်ပေးမယ်ဗျ။ ကြိုးစားထား ----

www.crystalrays.org said...

အတ္တကို အရောင်ချယ် အချစ်လို့ လူတွေခေါ်ကြတယ်

:P

thwin maung said...

ဒီလိုနဲ့ပဲ.... အဆုံးသတ်တော့မယ်ထင်ပါရဲ့.... ဖြစ်နိုင်ရင်ကူညီပေးချင်ပါတယ်... ကော်မန့်ရေးရတဲ့ ၀ဋ် ကလည်းကျွတ်အောင်ပေါ့.... :)

Kyaw Kyaw Htay @Lewis said...

ကောင်း လိုက် တဲ့ က ဗျာ

Anonymous said...

ကောင်းချက်က ထောင်းချက်ထားသလိုပါပဲလား ချာမရယ် ...
စိတ်လျှော့ စိတ်လျှော့ :)

ပြည်ချစ်သား said...

ကျွန်တော့်အတ္တပဲဖြစ်မှာပါ နေညို၇င်လေပြိုတယ်..ငါ့ကိုများ စောင်းရေးထားလေသလား...

Anonymous said...

တဖတ်သတ်အချစ်......
1D က ခေတ်နောက်ကျနေပီ သီလားအစ်မ
3D ခေတ်ကိုရောက်နေပီ...

သုံးဖက်သတ်အချစ်နဲ့ ချစ်နော်....
အဟီးနောက်တာနော်....
တဖက်သတ်အချစ် ချစ်ရခြင်းမှ
ကင်းေေးပါစေဗျာ...

Anonymous said...

ကျမ အရူးအမူး ချစ်ဖူးသွားတာ
သူ့ကို ဘယ်သူ ပြောပြပေးမှာလဲ .. ?


အမပြောပေးမယ် ဟီး

ချစ်အိမ်ငယ် said...

ဟဟဟ ပြောပေးရအောင် သိလို့လား

သိလည်း သိပဲ နဲ့ ငှဲငှဲငှဲ :P