Tuesday, July 21, 2009

ရင်ထဲက ပန်းခရေ

Tuesday, July 21, 2009
မော့မကြည့်မိဘူး ... ။
ကြွေကျလာတဲ့
ပန်းကလေးတွေ
ကောက်ယူပြီး သီခဲ့တာ
ပန်းကုံးတွေ စီလို့ ............... ။

သူများတွေ မနင်းစရဘူး
ကြွေဆင်းသမျှ
သိမ်းထားခဲ့တာ
နှစ်လရှည်ကြာခဲ့ပေါ့ .... ။

ငါ့ရင်မှာတော့
ရနံ့သင်းတယ်
အဆင်းလှတယ်
ငါ့မြေတလင်းမှာ နင့်ကို
ခင်းထားခဲ့ပေမယ့်
ဖြေးညှင်းစွာတောင် မနင်းရက်ခဲ့ပါဘူး .. ။

မြတ်မြတ် နိုးနိုး ပျိုး
ရိုးရိုးသားသား ခိုးချစ်ခဲ့ရတာပါ .. ။

လေညှင်းလေး သယ်ဆောင်ရာ
နင်လွင့်ပါသွားခဲ့ရင်တောင်
မင်းရနံ့လေးတွေ
ငါ့မြေတလင်းမှာ
သင်းပျံ့နေဦးမှာပါ ............ ။

1 comments:

ယွန်းနှင်းဖြူ said...

ငါ့မြေတလင်းမှာ နင့်ကို
ခင်းထားခဲ့ပေမယ့်
ဖြေးညှင်းစွာတောင် မနင်းရက်ခဲ့ပါဘူး .. ။

မြတ်မြတ် နိုးနိုး ပျိုး
ရိုးရိုးသားသား ခိုးချစ်ခဲ့ရတာပါ .. ။

မိုက်ဒယ် :)