Tuesday, September 30, 2008

နင့်ကြောင့်ရူးနေ

Tuesday, September 30, 2008
နင့်ရဲ့အပြုံး ၊ ရင်ခုန်ဆုံးပါ
နှလုံးသားထက် ၊ မက်မောတွယ်တာ
ချိုသာစကား ၊ ရင်မှာထားဝှက်
ခံစားတိတ်ဆိတ် ၊ မျက်လုံးမှတ်စေ
ကြိတ်၍ကြည်နူး ၊ ရစ်မူးနေငါ
နင်သာခွင့်ပန် ၊ ချစ်နေဟန်ဖြင့်
ရည်သန်စိတ်ကူး ၊ ချစ်ဖူးပြီမို့
မျှော်လင့်လို့နေ ၊ မည်သို့ဖြစ်စေ
ပွင့်ဝေရင်မှာ ၊ နင့်မေတ္တာများ
ငါသာခူးခွင့် ၊ နားစွင့်နေသူ
ဒီလူအချစ်ရူးလေးပါ ။

0 comments: