ညတညကို
အတ္တတွေ နဲ့ အလှခြယ်တဲ့အခါ
ငါ မှားသလား ?
တကြိမ်တခါ ဗျာများခဲ့တဲ့
ငါ့နှလုံးသား
နင့်လက်ချောင်းလေးတွေကြားက
ကစားစရာ ဖြစ်ခဲ့ရတာပါ
ရင်ထဲက မာနမီး
မင်းအကြည့်တစ်ချက်နဲ့
ငြိမ်းသပ်ပီးခဲ့ပါပြီ
စိတ်ကူးထဲမှာရေးခြယ်ခဲ့တဲ့
ပန်းချီကားလဲ
အလွမ်းသစ်ပင် တစ်ပင်တည်းပဲ .. ။
အရွက်လေးတွေ တော့ နေ့တိုင်းကြွေပါတယ်
နေ့တစ်နေ့ကို နင့်ကိုလွမ်းစိတ်နဲ့
အစပြုတယ်
ညတစ်ညတစ်ကို နင့်ကိုသတိရ
စိတ်တွေ နဲ့ အဆုံးသတ်တယ်
အိပ်မက်ကလေးတွေလည်း
နွမ်းလို့လာခဲ့ပါပြီကွယ် ... ။
စွမ်းပါတယ် နင့်အပြုံးတွေက
ငါ့နှလုံးသား ကျွမ်းသွားခဲ့တာပဲ
နင်ဘယ်လိုပြုံးပြုံး ငါကရှုံးနေတာမဟုတ်လား
တကယ်တော့
ငါ့အပြုံးတွေက အရှုံးပန်းကုံးလေးတွေပါ
နင့်လက်ကလေးတွေ နဲ့ သီဖို့
ငါအရင် ကြွေဆင်းခဲ့ရတာပဲ မဟုတ်လား .. ။
ဘာပဲ ဖြစ်ဖြစ်
နင့်အပြုံးလေးတွေ ကို
ငါ့လက်နဲ့ ဖန်ဆင်းခွင့်ရနေသရွေ့ ငါပျော်တယ် ။
ငါံအရှုံးတွေကို နင်လှည့်မကြည့်ပါနဲ့တော့ ချစ်သူရယ် ။
14.8.09 ( 12း 47 ) am
Friday
Tuesday, September 29, 2009
Subscribe to:
Post Comments (Atom)
6 comments:
အရွက်ကလေးတွေ နေ့တိုင်းကြွေတဲ့ အလွမ်းသစ်ပင် တစ်ပင်ကို နေ့စဉ်နဲ့အမျှ ညစဉ်နဲ့အမျှ ချယ်မှုန်းလာလိုက်တာ အတော်လေးကို အုံ့အုံ့ဆိုင်းဆိုင်း ဖြစ်နေခဲ့ပြီ ထင်ပါ့ ....
ဟုတ်ပ တော်တော်ကို အုံ့မှိုင်းနေပီ
တော်တော်ကြီးကိုပဲ
ချစ်မရေ ချစ်မ စိတ်ကူးပန်းချီကားထဲ အလွမ်းသစ်ပင်လေးကို
အလွမ်းငှက်ငယ်လေးတစ်ကောင်နဲ့ အတူတူလာဖတ်သွားတယ်နော် ... ချစ်မဆီ အလွမ်းဖော်တစ်ယောက်နဲ့ အလွမ်းသစ်ရွက်ကြွေလေး လာကောက်သွားတယ် ။။။။ :P
လူထင်မှားအောင်ပြောကြည့်တာ ဘာဂလိုတိုတိုပေါ့ :)
မရိုးသော ချီးကျူးစကားလေး ကတော့ ကြိုက်တယ်ချစ်မရေ .. လက်ရာကောင်းတော့ ငိုချင်လာတယ် ................ :((
မငိုပါနဲ့ ညလေးရယ် ညလေးပါ လိုက်ငိုနေရင်
မကြီးကို ချော့မယ့်သူ ဘယ်သူရှိမတုန်း
ချော့ရတဲ့သူတွေလည်း မောနေပီ ဟီး ဒီက ငိုလို့ မပီးတာ :P :(
မကြီး သောက်ရမ်းမိုက်ဒယ် ကြိုက်တွားပီ :D
ငိုတောင်ငိုချင်ယာပီ ... အဟင့် !_!
ယွန်းနှင်းဖြူ
လာလည်သွားတယ် လွမ်းရေ ..
ဒီကဗျာလေးကို အရမ်းကြိုက်ပါတယ်
Post a Comment