Tuesday, July 21, 2009

ရူးစေခဲ့တဲ့ ဆူး

Tuesday, July 21, 2009
ငါဟာ
စိတ်ကူးယာဉ်ဆန်လွန်းသူများလည်း ကွယ်

အရာရာဟာ
ေ၀၀ါးစွာ ထည်ရှိနေတုန်းပါပဲ ... ။

ငါ့အလွမ်းဟာ ကောင်းကင်ကြီးလိုပဲ
မိုးပြိုချိန် .. ပြို
နှစ်းစိုချိန် .. စို
နေညိုချိန် .. ညို
ခိုကိုးရာမဲ့ ...နွေ
တခါတလေ သက်တန့်လို ပြုံးနေသေးတယ် ။

ငါပြုံးတိုင်းလှ ချင်မှလှမယ်
နင်ပြုံးတိုင်းတော့ လှနေတာပဲ
ဒီလိုပဲ ..
လောကကြီးရဲ့ သတ်မှတ်ချက်က
ငါ့ကို ဒဏ်ခတ်ခဲ့တာပဲလေ .. ။

ချည်နှောင်မှန်း မသိချည်နှောင်
လှုပ်မရတော့မှ
တုတ်ထားမှန်း သိ
ဒါပေမဲ့
ရင်မှာ အသိမရှိတော့ဘူး .. ။

ရူးသူတွေထဲမှာ
တမူးတောင် သာခွင့်မရခဲ့ဘူး
နင်မပစ်လိုက်ပါဘူးဆိုတဲ့ ဆူးက
ရင်မှာ နူးညံ့ခဲ့ပါတယ်

ဒါပေမဲ့ ...
ဒီရင်တစ်ခုလုံး
အလဲလဲ .. အကွဲကွဲ
ကြေမွ ပျက်စီးသွားခဲ့တယ် ... ။

3 comments:

Anonymous said...

“ချည်နှောင်မှန်း မသိချည်နှောင်
လှုပ်မရတော့မှ
တုတ်ထားမှန်း သိ
ဒါပေမဲ့
ရင်မှာ အသိမရှိတော့ဘူး .. ။”

ဒီတစ်ပိုဒ်မှာ စာလုံးသုံးသွားတာလေးတွေ ကြိုက်တယ် ရိုးရိုးလေးပေမယ့် တစ်မျိုးလေး ဖတ်လို့ ကောင်းနေတယ်

Unknown said...

ရူးသူတွေထဲမှာ
တမူးတောင် သာခွင့်မရခဲ့ဘူး
နင်မပစ်လိုက်ပါဘူးဆိုတဲ့ ဆူးက
ရင်မှာ နူးညံ့ခဲ့ပါတယ် ...

ဒီစာလုံးလေးတွေ အခိုက်ဆုံးပဲ
ရင်ကို တူးဆွနိုင်လွန်းတဲ့ နိမိတ်ပုံလေးပါ

ယွန်းနှင်းဖြူ said...

စာသားတွေကတော့ လန်ထွက်နေတာပဲ :D
ဒီကဗျာလေးတော့ ကြိုက်တယ် :)
ဆက်ရေး အားပေးနေမယ်နော် ;)