မငိုချင်ပါဘူး
မငိုပါဘူး
စိုစိုနေတဲ့ မျက်ဝန်းတွေက တော့
တားမရဘူး ...
နှစ်လိုမှု တစ်ခုကြောင့်ပေါ့ .. ။
ပြေးထွက်သွားရအောင်လည်း
နွေးထွေးတဲ့နေရာ ရှာမတွေ့သေးဘူး
ဆွေးနေရမဲ့ အတူတူ
မဝေးတဲ့ နေရာမှာပဲ ..
ဒုက္ခကို ချိုမြိန်စွာ
သောက်သုံးရမှာပဲ ... ။
မျက်ဝန်းတွေလည်း လှစ်မပြတော့ဘူး
တွယ်ရစ်ခဲ့တဲ့ ဒီရင်ကိုပဲ
အလွမ်းတွေမှာ နှစ်ထားတော့မယ်
ငါ့ကိုယ်ငါ ထက်
နင့်ကို ပိုချစ်ခဲ့သူပါ .... ။
ချစ်သူရေ ....
မင်းသွားမဲ့လမ်းတိုင်းမှာ
ငါ့ကို ထားသွားမယ်ဆို ..
လွတ်လပ်ဆုံးရှုံးစွာ ငါ့ကိုယ်ငါ
ငိုခွင့်ပေးလိုက်မယ်နော် .. ။
မင်းအပြုံးတွေ အတိုင်း
ငါ့ကို မပြုံးခိုင်ပါနဲ့
ငါ့ရင်ထဲမှာ ဆုံးရှုံးမှုပဲ ရှိတော့တယ်လေ ..
ဒါပေမဲ့
မင်းအပြုံးလေးတွေတော့
တယုတယ
ငါသိမ်းထားပါ့မယ် ......... ။
ငါ့မျက်ရည်တွေ
မင်း အပြုံးတွေကြောင့် ပိုလှနေမှာပါ ချစ်သူရယ် .. ။
Tuesday, July 21, 2009
Subscribe to:
Post Comments (Atom)
5 comments:
When i read ur poem, i wanna cry too.. :(
anyway i like so much this one..
စကားလုံးလေးတွေ သိပ်ကိုလှတယ်
အင်မတန် ငြိမ့်ငြောင်းတဲ့ စီးဆင်းမှုနဲ့အတူ ကဗျာထဲကို စီးဝင်မျောခဲ့ ...
ပင့်သက်လေး ရှိုက်ရင်း ကဗျာလေးက အဆုံးသတ်သွားလေရဲ့
မျက်ဝန်းတွေလည်း လှစ်မပြတော့ဘူး
တွယ်ရစ်ခဲ့တဲ့ ဒီရင်ကိုပဲ
အလွမ်းတွေမှာ နှစ်ထားတော့မယ် ...
အလွမ်းတွေထဲမှာနှစ်ပြီး မျက်ဝန်းလေးတော့ လှစ်ပြလိုက်ပါကွယ် မျက်ဝန်းဟာ ရင်ခွင်တံခါးလို့ ကြားဖူးတာပဲ သူမသိလို့မ၀င်လာနိုင်ပဲနေပါဦးမယ် ချစ်မ ရယ် .....
ငါ့ကိုယ်ငါ ထက်
နင့်ကို ပိုချစ်ခဲ့သူပါ .... ။
သိပ်သေချာတာပေါ့ စစ်ရယ်
ဟားဟား
မင်းအပြုံးလေးတွေတော့
တယုတယ
ငါသိမ်းထားပါ့မယ် ......... ။
ငါ့မျက်ရည်တွေ
မင်း အပြုံးတွေကြောင့် ပိုလှနေမှာပါ ချစ်သူရယ်
စာသားလေးတွေ ကြိုက်တယ် အိမ်လေး.....
Post a Comment